∆ UNICODE ∆
•
I'm STRAIGHT
[ not GAY ! BRO . ][ Episode - 1 ]
" ဟိုမှာ နင့်ဘဲလာနေပြီ !"
" မနောက်နဲ့မီနာ ...
ဒီတစ်ပွဲရှုံးလို့ကတော့ ငါနင့်ကိုသတ်မှာ !"သူတို့အဆောင်အောက်၏လှေခါအောက်ဆုံးအထစ်တွင် အတန်းလစ်ကာဂိမ်းထိုင်ဆော့နေသည့် ဒုတိယနှစ်Lawကျောင်းသားဂျောင်ကုပင်။ဘေးနားတွင်ကပ်လျက်ထိုင်နေသည့်သူငယ်ချင်းဖြစ်သူပက်ခ်မီနာက ဂျောင်ကုကိုအသေရရအရှင်ရရလိုက်နေသူကင်မ်ထယ်ယောင်းကသူတို့ဆီသို့ဦးတည်လာနေသည်ကို ခပ်ရရေးမှလှမ်းမြင်နေရသည့်အတွက် လက်တို့ကာသတိပေးလိုက်သည်။ဂိမ်းဆော့နေသည့်ကောင်လေးက စုတ်လုံးအားပါးစောင်းတွင်းထိုးထားလျက်နှင့်ဂိမ်းဆော့မပျက်။
" ဟဲ့ အတည်ပြောနေတာ ယုန်စုတ်ရဲ့ !"
" မီနာပက်ခ် ... ငါရှုံးသွားပြီ !"
" အော်မနေနဲ့ ...
နင့်မျက်လုံးနဲ့သေချာကြည့် !"သူမအားလှည့်ကာအော်နေသည့်ဂျောင်ကု၏စုတ်လုံးထိုးထားသည့်ပါးဖောင်းဖောင်းကို လက်ညိုးနှင့်ထိုးကာအဆောင်အပေါက်၀လှည့်စေလိုက်သည်။ထိုအခါမှ မျက်၀န်းပြူးကျယ်သွားသည့်ကောင်လေး...
အတန်းမတက်ချင်လို့ဂိမ်းထိုင်ဆော့ပါတယ်
ဂိမ်းကရှုံးတဲ့အပြင် ဘယ်နှဘ၀ဆက်တိုက်ထဲကကိုယ့်ကိုအသေရရအရှင်ရရလိုချင်ပြီး
လိုက်နေမှန်းမသိတဲ့ဘဲနဲ့ပါတိုးရတယ်လို့ !စိတ်ထဲမှာသာရေရွတ်ပြီး အပြင်မှာတော့မချိုမချဉ်မျက်နှာနှင့်သူ့အရှေ့မှ ဗလတောင့်တောင့်နှင့်ကင်မ်ထယ်ယောင်အားပြုံးပြလို့နေ၏။
" အတန်း အတန်းသွားတော့မယ် !"
" နေပါအုံး ဘေဘီးကလည်း ...
ကိုယ့်နဲ့အခုမှတွေ့ရတာကို !"" မဟုတ်ဘူး အတန်း ... "
" ဒါကနောက်ဆုံးအချိန်လေ ဘေဘီ !
ပြီးရင် နေ့လညစာစားချိန်ရောက်ပြီ "

YOU ARE READING
I'm STRAIGHT [not GAY ! BRO.]
Fiksi Penggemar𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 × 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 [ 𝐮𝐧𝐢𝐜𝐨𝐝𝐞 + 𝐳𝐚𝐰𝐠𝐲𝐢 ]