{ 2# ဆေးလိပ်သောက်မဲ့အစား ကိုယ့်နှုတ်ခမ်းကိုနမ်းပါလား }

1.5K 185 25
                                    

∆ UNICODE ∆

I'm STRAIGHT
[ not GAY ! BRO . ]

[ Episode - 2 ]

" အဲ့ဒီ့ဆေးလိပ်တွေကိုသေအောင်သောက် !
မြန်မြန်မျိုးကန်းမဲ့ကောင် "

" အဟွတ် ... အဟွတ် !"

" သေပြီလား !?"

စီးကရက်ကိုဖွာရှိုက်ရင်းဂိမ်းဆော့နေသည့်ကောင်လေးကို သူငယ်ချင်းဖြစ်သူမီနာမှဆူပူနေခြင်းဖြစ်သည်။လက်တစါဖက်ကဆေးလိပ်ကိုလက်ညိုးနှင့်လက်ခလယ်ကြားညှပ်ရင်းမှင့်အတူ နောက်တစ်ဖက်ကဖုန်းကိုထိန်းရင်းဂိမ်းဆော့နေသည့်ကောင်လေးက ဆေးလိပ်သောက်ရင်းအငွေ့မွှန်သွားရ၏။မျက်နှာပြင်တစ်ခုလုံးနီရဲကာ ချောင်းတဟွတ်ဟွတ်ဆိုးနေသည့်ကောင်လေးမှာတော့ သူငယ်ချင်းဖြစ်သူမီနာမကိုပြန်ပြောဖို့အတွက်မအားသေးချေ။

" အဟွတ် ... အဟွတ် ! ရေ ... ရေ "

" ဟမ် !"

ဆေးလိပ်ငွေ့မွှန်နေသည့်ကောင်လေးကချောင်းဆိုးနေရင်း ရေသောက်မှဖြစ်မည့်အခြေနေမို့ ပူစပ်နေသည့်လည်ပင်းကိုကိုင်ကာရေတောင်းနေသည်။သို့ပေမဲ့ ထိုစကားကိုနားမလည်သည့်မီနာမှာတော့ မျက်နှာရှုံ့လျက် "ဟမ်"တစ်လုံးသာနှုတ်ဖျားမှထွက်လာပြီးခေါင်းကိုပါကုက်ခြစ်နေ၏။

" ရေလို့ ... ငနဲမရဲ့ !"

" သေသေချာချာပြောပါလား !
ချောင်းဆိုးရင်း သေတော့မဲ့ပုံစံနဲ့ပြောနေ‌ပြီးတော့ "

ထိုသို့ဆိုရင်းဘူးဟာကောင်လေးလက်ထဲသို့ရေသန့်ဘူးထည့်ပေးသည်။သူမကသာပွစိပွစိပြောနေပေမဲ့ ကောင်လေးမှာတော့ရေဘူးအဖုံးကိုဖွင့်တချိုင့်ထဲမော့သောက်နေ၏။ထိုပုံစံအားကြည့်ပြီး သူမမှာတော့ခေါင်းတခါခါဖြင့်သာ။

" ရပြီ ။ နင် ..... "

" ဘာလဲ ?"

" ငါဆေးလိပ်ငွေ့မွှန်သွားတာနင့်ကြောင့် !
သေသွားရင် ဘယ်လိုလုပ်မလဲ ?"

I'm STRAIGHT [not GAY ! BRO.]Where stories live. Discover now