{ #5 အဖြောင့်သမားလေးမင်းကို ဘယ်လိုကွေးအောင်လုပ်ကြမလဲတိုင်ပင်နေကြတာ }

1K 128 14
                                    

∆ UNICODE ∆

I'm STRAIGHT
[ not GAY ! BRO . ]

[ Episode - 5 ]

" ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ,
ပြီးရင်ငါတို့ဘယ်သွားကြမလဲ ?"

" မီနာမ ! ငါစာမရလို့ညစ်နေတာနော် ,
ဖြေပြီးမှလာပြော သွား သွား "

မျက်ခုံးတန်းနှစ်ဖက်ထိလုနီးနီးမျက်မှောင်ကြုံ့၍ စာအုပ်မှအကြည့်မလွှဲပါပဲပြောနေသည့်ကောင်လေးမှာ တကယ့်ကိုစာမရလို့ဗျာများနေပုံပါပဲ။ဤသည်ကိုကြည့်ပြီးခေါင်းတခါခါဖြင့်စိတ်ညစ်သွားသည်ကမီနာလေးဖြစ်၏။ထို့ကြောင့် စာမေးပွဲဖြေမည့်အဆောက်သို့သွားရန်သာဆုံးဖြတ်ပြီး ထိုင်နေရာမှထသည်။

" ဘယ်လဲ ... ?"

" နင်ပဲသွားဆိုပြီးမောင်ထုပ်ပြီး , အခုမှ ဘာကိုဘယ်လဲ လဲ ?"

" ငါကသွားလို့ပြောလိုက်တာနဲ့ပဲ နင်ကသွားရောလား ။ နင်အရင်ကဒီလိုမဟုတ်ပါဘူး "

" နင်စာမရသေးဘူးမဟုတ်လား ? စာဆက်ကြည့် ငါကအဆောင်သွားတော့မယ် ။ Ok !"

" မ Ok ဘူး !"

" ဟ ... စောက်ပြသနာပဲ "

မီနာမလေးမှာ သူမ၏နှဖူးပြင်ကိုလက်ဝါးနှင့်ရိုတ်ပြီး ထိုကဲ့သို့ဆဲရေးဆိုကာညည်းတွားရတော့သည်။သူငယ်ချင်းဖြစ်သူ၏ အကြောင်းမရှအကြောင်းရှာပြီးမူလီလိုရစ်နေမှုကို ခံလာရတာ၁လကျော်လောက်ရှိပြီဖြစ်သည်။အကြောင်းအရင်မှာတော့ သူ့အားလိုက်နေသည့်ဘဲကြီးက‌ အစအနမတွေ့ရအောင်ကိုပျောက်ချင်းမလှပျောက်နေသည့်အတွက်ပင်။

မီနာလေး၏ဆဲရေးဆိုကာညည်းတွားသည်ြ ထိုပုံစံအားကောင်လေးကမြင်သည့်သည့်အခါမှာတော့ ...

" အဲ့ပုံစံ အဲ့အပြောအဆိုကဘာဖြစ်တာလဲ ?
ငါ့ကိုဘာလို့အရင်လိုမခင်ရတော့တာလဲ ?"

" ဂျွန်ဂျောင်ကု ! ငါဂျိုကိုင်ပြီးတောင်းပန်တယ်ပါတယ်ဟယ် "

I'm STRAIGHT [not GAY ! BRO.]Where stories live. Discover now