∆ UNICODE ∆
•
I'm STRAIGHT
[ not GAY ! BRO . ][ Episode - 6 ]
•
- ညနေ ၆ နာရီကျရင်ဂမ်နမ်က Tempo Clubမှာဆုံမယ် -
စာ၀င်လာတဲ့မက်စေ့အသံနှင့်အတူ မီနာ၏ဖုန်လေးမှာ Screenလင်းသွားခဲ့သည်။စာကိုဖွင့်ဖွင့်ဖတ်ကြည့်ပြီးသည့်အခါမှာတော့ စာပို့သူဟာမည်သူမည်ဝါမှန်းသူသတိထားမိပါသည်။ထို့ကြောင့် ချက်ချင်းစာပြန်ရန်ပြင်သူမပြင်ပြင်သည်။သို့သော်...
" ဘယ်သူစာပို့တာလဲ ?"
ဘယ်အချိန်ကတည်းကဧည့်ခန်းထဲရောက်နေမှန်းမသိသည့် Jungkook၏အသံကြောင့်သူမမှာပြောစရာစကားပျောက်ရှကုန်သည်။အမှန်တိုင်ူသာပြောလိုက်ရင် ဒီနေရာမှာတင်နှစ်ယောက်သားသက်ပွဲတွေထဖြစ်ကုန်မှာမလွှဲမသွေပါပဲ။အစထဲကလျှို့ဝှက်ကိစ္စမို့ သူငယ်ချင်းဖြစ်သူမသိအောင် မီနာမလေးမှာလိမ်ဖို့အတွက်အကြံထုပ်နေရတော့၏။
" ငါ့ကိုလိုက်ကြူနေတဲ့တယောက်နဲ့ , အင်း သူနဲ့ ... "
" ဒါလေးဖြေဖို့ကို နင့်ပုံစံကဘာတွေမ၀န်မလေးဖြစ်နေတာလဲ ?"
" ဖြစ်စရာလား ? အပြင်သွားမယ်မဟုတ်လား , အမြန်လုပ်လေ !"
" ဟ ! ညနေမှသွားမယ်လို့ညထဲကပြောထားပြီးပြီလေ ။ နင်ညမအိပ်ပဲဆေးကြောင်နေတာလား ?"
" အမ် , ဟုတ်လား ?"
" တကယ်ဆေးကြောင်ပြီး ဒိတ်ပျောက်နေတာပဲ , ကျွတ် ကျွတ် "
ပါးစပ်ဖျားမှပွစိပွစိရေရွတ်ကာ အဆုတ်မပြပ်ဆုတ်သက်ပြီးသူမအားစိတ်ပျက်သလိုကြည့်သွားသေးသည်။ပြီးနောက် ထမင်းစားခန်းထဲသို့၀င်သွားကာ သူမ၀ယ်လာခဲ့သည့်မုန့်တို့ကိုသွားယူနေ၏။ဟုတ်တော့လည်းဟုတ်ပါသည် စာမေပွဲပြီးသွားသည့်အတွက်မနေ့ကညက Kim Taehyungကောင်းမှုကြောင့် Barမှာညလုံးပေါက်ခဲ့ပြီးမနက်၄နာရီမှအိမ်ပြန်ရောက်ခဲ့သည်။ထို့ကြောင့် ညကJungkookပို့သမျှစာကိုသူပြန်ခဲ့သညဆိုတာသေချာသွားခဲ့သည်။
YOU ARE READING
I'm STRAIGHT [not GAY ! BRO.]
Fanfiction𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 × 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 [ 𝐮𝐧𝐢𝐜𝐨𝐝𝐞 + 𝐳𝐚𝐰𝐠𝐲𝐢 ]