∆ UNICODE ∆
•
I'm STRAIGHT
[ not GAY ! BRO . ][ Episode - 3 ]
ယနေ့သည်Weekendဖြစ်၍ Jungkookနေမြင့်သည်အထိအိပ်ဖို့စဉ်းစားထားသည်။ထို့ကြောင့် ပြတင်းပေါက်မှတစ်ဆင့်အိပ်ယာပေါ်သို့ဖျာကျနေသည့်နေရောင်ကို စောင်ခေါင်းမူးခြုံ၍ထပ်မံအိပ်စက်ရန်ပြင်သည်။
အချိန်က နေ့လည်၁၂နာရီဖြစ်၏။
" အခန်းထဲကကာလနဂါး နင်အခုထိမထသေးဘူးလား ။ နေကထွက်ပြီးလို့ပြန်၀င်တော့မယ်ဟဲ့ !"
မနက်စာနှင့် နေ့လည်စာကိုပေါင်းစားဖို့စီစဉ်ထားသလားမှတ်ရအောင်ကို အိပ်ယာထဲကမထသေးတဲ့သားတော်မောင်အား မာတာမိခင်ကမေတ္တာပိုလေပြီ။ဤသည်ကိုတောင် ဥပစ္ခာပြုကာခေါင်အုံးနှစ်လုံးကြားခေါင်းညှပ်၍ မာတာမိခင်၏ဆဲဆိုသံကိုအရေးမစိုတ်သေးပါ။မထနိုင်သေးသည့်အကြောင်းအရင်းမှာတော့ မနက်၄နာရီအထိဂိမ်းထိုင်ဆော့နေခြင်းကြောင့်ပင်။
" နင်ထမလား ငါရေနဲ့ပက်ပြီးနှိုးရမလား ?"
" ထပြီဗျာ ... ထပြီ !"
စောင်ပုံကြားထဲထထိုင်ရင်းမိခင်ဖြစ်သူကိုပြန်သာပြောနေတာ ယခုထိသူ့ရဲ့မျက်လုံးတွေကမပွင့်သေးပေ။ကျောင်းသွားသည့်ရက်တွေဆို၀ရိယရှိရှိစောစောထသလောက် ကျောင်းပိတ်ရက်တွေဆိုလျှင် ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်နှိုးရသည်။မိခင်ဖြစ်သူ၏ဆဲဆိုသံက သူ့နားထဲမှာနား၀င်ချိုနေလို့ထင်ပါရဲ့။
မထလို့မဖြစ်တော့သည့်အခြေနေဖြစ်သည်။မဟုတ်လျှင် မာတာမိခင်ကအတည်ပေါက်ကြီး ရေနှင့်ပက်ပြီးနှိုးမှာကိုသိနေသောကြောင့်ပင်။ထို့ကြောင့် ကုတင်ပေါ်မှလေးလံစွာထရင်း ရေချိုးခန်းထဲသို့၀င်သွားခဲ့၏။
ကျောင်းဖွင့်ရက်တွေဆိုလျှင် ရှိုးစမိုးအပြည့်နှင့်စတိုင်ကျကျ၀တ်ဆင်တက်ပြီး ကျောင်းပိတ်ရက်တွေမှာတော့ ဒူးဖုံးကာတွန်းဘောင်းဘီနှင့်တီးရှပ်လက်တိုအမဲရောင်ကိုသာ၀တ်ဆင်၏။အကြောင်းအရင်းမှာတော့ လွတ်လပ်စွာနေချင်ပါတဲ့။
YOU ARE READING
I'm STRAIGHT [not GAY ! BRO.]
Hayran Kurgu𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 × 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 [ 𝐮𝐧𝐢𝐜𝐨𝐝𝐞 + 𝐳𝐚𝐰𝐠𝐲𝐢 ]