ကောင်မလေးရှိရာ သုံးထပ်အဆောင်ဟောင်းဘက်ဆီသို့ library သွားမည့် မင်းသန့်နဲ့အတူ လိုက်လာခဲ့သည်။
ရည်ရွယ်ချက်က သူကလေးကိုများ တွေ့ခွင့်ရမလားလို့။ဆုတောင်းကားမပြည့် ။ တတိယနှစ် civil ခန်းကား အတန်းဆင်းသွားလေပြီ။
မင်းသန့်နောက်သာ လိုက်လာခဲ့တော့သည်။ စာဂျိုး မင်းသန့်စာအုပ်ရွေးတာကိုစောင့်ရင်း သူပါလျှောက်ကြည့်နေလိုက်သည်။
"အမှတ်တရ"
နာမည်လေးကလူကိုစွဲဆောင်သောကြောင့် စာအုပ်လေးကို စွဲယူမည်အလုပ် လက်၀င်းနုနုတစ်စုံနှင့် ထိမိ၊ဟိုက် ဖဲကြိုးဝါဝါ။
"ဟို ဟိုလေ ဒီစာအုပ်ယူမလို့လား"
"ရတယ် ယူယူ မီ ကဖတ်ပြီးသားရယ်"
အသံလေးက libraryထဲမို့ထင်ရဲ့ ၊ ညင်သာစွာနှင့် တိုးတိုးလေး။
"ဟို ကျွန်တော်က ဒီတိုင်းယူကြည့်ရုံတင်၊ ယူရင်ယူပါ"
အသေခုန်နေတဲ့ ရင်ဘတ်ထဲကအကောင်ရ ခဏလောက် ငြိမ်ငြိမ်နေစမ်းပါဦးကွာ။
"ဟုတ်လား အဲ့တာလေးသိပ်ကောင်းတယ်ရယ် ဖတ်ကြည့်လေ"
"ဟုတ် ဒါဆို ကျွန်တော် ငှားလိုက်မယ်နော်၊ အဲ စာကြည့်တိုက်ကဒ် မရှိဘူးဗျ"
အူကြောင်ကြောင်နိုင်လိုက်တာ ခွန်ပိုင်ရာ ။ ဘာလို့ သူမရှေ့မှာမှ စကားတွေကထစ်နေရတာလဲ။
"အဲ မီ လည်းတစ်အုပ်ထဲယူမှာဆိုတော့ ပေါင်းငှားပေးမယ်လေ "
"ဟုတ်၊ ဟုတ်ကဲ့ ဒါဆို ကျွန်တော် အပြင်ကစောင့်မယ်နော် "
အပြင်ကိုမြန်မြန်ထွက်ပြီး စင်္ကြန်လက်ရမ်းပေါ်ကိုလက်ထောက်၊ လေကို တ၀ကြီးရှုရှိုက်လိုက်ရ၏။ libraryထဲမှာ oxygen နည်းနေတာများလား။ ရင်တုန်ပန်းတုန်ရှိလိုက်တာ ။ မင်း ဒီလိုဖြစ်နေလို့မဖြစ်ဘူး
ခွန်ခန့်မင်းပိုင် ။ ယောကျာ်းပဲသတ္တိရှိစမ်းပါ။ သတ္တိရှိရှိနဲ့ ရလာတဲ့ အခွင့်အရေးကို အမိအရဖမ်း..ဖမ်း"ဟိတ် ရော့"
"ဘာတွေဖမ်းနေတာလဲ""အဲ ဘာမှမဟုတ်ပါဘူး ၊ ဟို ကျွန်တော် ကော်ဖီ၀ယ်တိုက်မယ်လေ"
"အဲ စာအုပ်ငှားပေးတာကျေးဇူးတင်လို့ပါ"