လောကနန္ဒာ ဘုရား၏ အုတ်လှေကားထစ်များအပေါ်မှာ လျှောက်ရတော့ ကျွန်တော် ဖတ်ခဲ့ဖူးသော
၀တ္ထုတစ်ပုဒ်ကို သတိရမိသွားသည်။
ထိုအထဲက ဇာတ်လိုက်က ဒီလှေကားထစ်လေးများကို မြူးတူးစွာ ဖြတ်ကျော်ပြီး ချစ်ရသူ မမရှိရာကို သွားခဲ့ဖူးသည်မလား။မြကျေးရုံဆိုတဲ့မမက မောင်လေးတစ်ယောက်လို သဘောထားခဲ့ပေမဲ့
လက်မလျော့ခဲ့တဲ့ ဇာတ်လိုက်ကောင်လေးနာမည်က ရန်ပြေအေးတဲ့လေ။
ကိုယ်သဘောကျခဲ့တဲ့ ကိုယ့်ဇာတ်လိုက်ကတောင် ဇွဲမလျော့ပဲ အချစ်ကို
သစ္စာရှိခဲ့တာပဲ...ကိုယ်လည်း တစ်ခါဖွင့်ပြောပြီးရုံနဲ့တော့ လက်မလျော့သင့်ဘူးပေါ့....
ဒါပေမဲ့..
ခွန်ခန့်မင်းပိုင် ၏ မြင်ကွင်းထဲ၌
ဧရာ၀တီကို ငေးမောနေသည့် ရွေညိုရောင်မိန်းကလေး...သည် ဧရာ၀တီကို သည်မှာလည်းတွေ့ရပြန်ပြီ....
ဧရာ၀တီကို သူချစ်ရသော မမသည်လည်း ချစ်သည်ထင်ပါရဲ့ ....
သူများတွေလို ဓာတ်ပုံမရိုက်ပဲ အမြဲ ငေးနေတတ်သော ဒီကောင်မလေးရဲ့
စိတ်ထဲဘာတွေများရှိနေမလဲ......
ကျွန်တော် သိချင်လိုက်တာ...ငြိမ်သက်စွာ ရပ်နေသူအနားသို့ ငြိမ်သက်စွာပင် မသိမသာ ရပ်နေလိုက်သည်။
ငဲ့ကြည့်လာသော ရွေမျက်မှန်၀င်း၀င်းကို သူ မသိချင်ဟန်ဆောင်လိုက်သည်။
"မြကျေးရုံတို့ ရပ်ပြီးစကားပြောခဲ့ကြတာ ဒီနေရာလေးများလား "
တီးတိုးထွက်လာသော အသံလေး...
"မင်းက လက်ကျန်လရောင်ကို ဖတ်ဖူးတာလား"
"အင်း ဖတ်ဖူးတယ် အိမ်မှာ စာအုပ်တွေ့တာနဲ့လေ ....အမရော ဖတ်ဖူးတယ်မလား"
"အင်း ဖတ်ဖူးတယ်...
အဲ့ထဲက မြကျေးရုံကို အားကျတယ်"သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မကြည့်ကြ။
အဝေးက မြစ်ပြင်ဖြူလက်လက်၌သာ
အကြည့်များရှိနေသည်။"ဘာဖြစ်လို့"
"သူ့ကို သိပ်ချစ်တဲ့ ရန်ပြေအေးဆိုတဲ့ကောင်လေးရှိလို့"
အော်ဟော် ..
ခင်ဗျားကို ချစ်နေတဲ့
ဟောဒီကကောင်ကြီးကရော...."အော်"
ရွဲ့သံပါနေသော "အော်" ကို သူမက
သဘောကျ၍ထင့် ...ပြုံးရောင်အနည်းငယ်သမ်းသွားလေသည်။အခုလို ပြုံးပြန်လေတော့
ခင်ဗျားအပြုံးတွေကို သိပ်ချစ်ရတဲ့
ကျွန်တော့်မှာ ကြည်နူးရပြန်ပြီပေါ့
မမယွန်းရယ်"မရွဲ့ပါနဲ့ ...မင်းငါ့ကို ချစ်တယ်ဆိုတာ
ကို ငါမယုံနိုင်သေးဘူး""ဘယ်လို"
တည်ငြိမ်သောမီ့ရဲ့စကားသံကြောင့်
သူ အံ့ဩရပါ၏။ဘာကိုများ မယုံရပါသလဲ....
"ဘာလဲ ဇာတ်ကားတွေထဲကလို သက်သေပြရမှာလား"
"ငါ့ကိုရွဲ့နေတာလား"
"ဟောဗျာ ကျွန်တော့်အသံက ရွဲ့သံပေါက်နေလို့လား....ကျွန်တော် တကယ်ပြောတာ ....ခင်ဗျား ယုံအောင် ဘယ်လိုလုပ်ရမလဲဟင်"
"ကဲ နောက်တစ်ဆူဆက်ရအောင်
ညီလေးတို့ ၊ယွန်း ၊ စိမ့် ..ဟေ့
ရတီတို့ သွားကြမယ်ဟေ့"ရန်ဟိန်း၏ လှုံ့ဆော်မှုနှင့်အတူ ဘုရားပေါ်မှ ပြန်ဆင်းခဲ့ကြသည်။
သူကတော့ မပြီးသေးသော စကားကို ပြန်ဆက်ချင်သည်။ယွန်းမီမီကျော်၏
ဘေးမှသာ ကပ်၍ လိုက်လာခဲ့သည်။"ကဲ ပြောပါဆို ကျွန်တော်ဘာလုပ်ရမလဲ....မဖြစ်နိုင်တာတွေကလွဲရင် အကုန်လုပ်နိုင်တယ်"
ဒီတစ်ခါတွင်တော့
လှေကားထစ် တစ်ထစ်ကို ဆင်းရင်း
ကျွန်တော့်ရဲ့မီက မျက်စောင်းလေးနဲ့အတူ အမတစ်ယောက်သဖွယ် ရင့်ကျက်စွာပြုံးပါလေသည်။မီလည်း ဘာမှမပြောရသေးပါလားရှင်ရယ်....
ဇာတ်ကားတွေထဲကလို ဘယ်သူကရော အဲလိုတွေ သက်သေပြခိုင်းမှာတဲ့လဲ....
ဒီကလေးကတော့လေ....သူမတစ်ခါပြုံးလိုက်လျှင်
သူတို့နှစ်ဦးကြားထဲ၌ ပိုမိုရင်းနှီးသွားသလို။နောက်ဘုရားသို့ မရောက်ခင် လမ်းတစ်လျှောက်၌ ခွန်ခန့်မင်းပိုင် ၏
ခပ်တည်တည် မျက်နှာမှ ထွက်ပေါ်လာသည်က"ကျွန်တော် ဘာလုပ်ပြရမလဲ ပြောပါဆို..."
ဟူ၍ ဖြစ်သတည်း။
ထို့သို့ သူရုပ်တည်နှင့် ပြောလိုက်တိုင်း
သူ့နောက်က ကောင်မလေးက
သဘောတကျ ရယ်၍သာ
လိုက်ပါလာရတော့သည်။ဒီလိုဆိုပြန်တော့လည်း
ပုဂံရဲ့ ဆောင်းဦးကြောင့်ထင်တယ်
ကျွန်တော်တို့ E_bike လေးက
ရွှင်မြူးစွာ ရယ်မောပြန်သတဲ့။******