7

1.1K 77 0
                                    

ခွန်ခန့်မင်းပိုင်သည် library ဆီသို့ ကျောင်းဆောင်ဟောင်းအနောက်ပေါက်မှ ဆိုင်ကယ်သော့ကို လက်ညိုးနဲ့ရမ်းကာရမ်းကာ မြူးတူးစွာ လျှောက်လာနေသည်။

"ဟော အတန်းမတက်ဘူးလား "

"အမ် အမကရော အတန်းဆင်းပြီလား"
"အင်း ဆရာမ နေမကောင်းလို့ အတန်းမရှိတာ"

"ဟောဗျာ ကျွန်တော်က အမဖုန်းဆက်မှာ ထင်နေတာ"

"အယ် ဆက်စရာမလိုတော့ဘူးလေ တွေ့နေပြီပဲကိုး ၊ လာသွားမယ်"

ရှေ့ကနေ ကတ္တီပါဖိနပ်အပြာလေးက ညင်သာစွာ ဦးဆောင်သွားလေပြီ။
လွဲပဟ ။ ခွန်ပိုင်ရေ။ ဖုန်းနံပါတ်လေး လိုချင်တာပါဆိုကာမှ။ အရေးထဲ ဆရာမက နေမကောင်းဖြစ်နေသေးတယ်။ ဟူး မတတ်နိုင်ဘူး။

"အမ အမ "

"ဟင် ဘာလဲ"

"ဒီမှာ စာအုပ် "

"အော် အေး အထဲမလိုက်တော့ဘူးလား"

"ဟုတ် တကယ်တော့ ကျွန်တော် စာဖတ်ဝါသနာ မပါဘူးရယ် ၊ ဟိုတစ်ခါ က အမကြောင့်မို့ ဖတ်ဖြစ်သွားတာ "

"အော် အေးပါအေးပါ ဒါဆိုလည်း သွားတော့နော်"

"ဟိုလေ အမ အတန်းအားတယ်ဆိုတော့ ကျွန်တော်နဲ့ ကော်ဖီလိုက်သောက်ပါလား ၊ အဖော်မရှိလို့"

ဟေ့ကောင်ရာ ဘယ်လိုကြီးပြောလိုက်တာလဲ။
သဲအေးလေးကမူ အူကြောင်ကြောင်လေးဖြစ်သွားကာ

"အမ်းအမ်း ဟုတ်ပါပြီ ခဏစောင့်နော် "

"ဟုတ် ဟီး"

ယိုက်စ်စ် ဟုတ်ပြီကွ ။ သတ္တိရှိစမ်းပါ ။ ဒီလိုမှပေါ့။

ဟော ကတ္တီပါအပြာလေးထွက်လာပါပြီ။

"လာ သွားစို့"

"ဟုတ်"

***

ကိုယ့်ကလေးလေးကတော့ မမလှလှလေးကို တင်ခေါ်ရလို့ မြူးတူးခုန်ပေါက်လို့ ။ ကလေးလေးကသိပ်ဆိုးတာ ။ မမလှလှ ကိုယ်လေးကို ကိုယ့်ဆီရောက်ရောက်လာအောင်ကို ခုန်နေတော့တာကွာ ။

ဖောင်းဖောင်းဥဥ လက်ဖြူဖြူလေးတွေကတော့ ကိုယ့်အင်္ကျီအဖြူလေးကို မရဲတရဲ ကိုင်လို့။

ကျွန်တော့်ရဲ့crushDonde viven las historias. Descúbrelo ahora