[ ၁ ]

9.1K 666 89
                                    

[ Unicode ]

မြင်းဟီသံတွေကို ကြားသည်နှင့်ချက်ချင်း ဖတ်လက်စစာအုပ်ကိုပစ်ချပြီး Baekhyun ခြံရှေ့ကိုပြေးထွက်လာခဲ့သည်။

နှုတ်ခမ်းမွေးကားကားကြီးဖြင့် ခန့်ချောနေတဲ့အဖေက Baekhyun ကိုတွေ့သည့်အခါ သူ့ကိုလာပြေးဖက်ပါဆိုတဲ့သဘောဖြင့် လက်နှစ်ဖက်ကိုဆန့်တန်းပြသည်။

' ငါ့သားငယ်လေးကို အဖေကအရမ်းလွမ်းနေတာ '

' သားလည်း လွမ်းပါတယ်နော် '

အငယ်ဆုံးသားလေးဖြစ်တဲ့အပြင် အမေဖြစ်သူကပါ မွေးကတည်းကဆုံးပါးသွားတာကြောင့် Baekhyun ကိုပိုးမွေးသလို မွေးထားကြသည်။

အိမ်ထောင်ကျသွားပြီဖြစ်တဲ့ အစ်ကိုလတ်ကအစ အခုချိန်ထိအပျိုကြီးဖြစ်နေတဲ့ အစ်မအကြီးဆုံးကလည်း Baekhyun ကို မောင်နှမလိုထက် သားအရင်းတစ်ယောက်လိုသာ ဆက်ဆံကြသည်။

Baekhyun အဖေဆိုရင် Baekhyun ကို ဘာအလုပ်မှမခိုင်း။ပိုက်ဆံရှာတာကိုလည်း သူကိုယ်တိုင်သာရှာသည်။

အစ်ကိုလတ်က လတိုင်းအသုံးစရိတ်ဆိုပြီး ပို့ပေးနေတာကြောင့် ငွေမရှာလည်း သိပ်ကိစ္စမရှိပေမယ့် Baekhyun အဖေက ကုန်အဖွဲ့ကိုဦးစီးလုပ်ကိုင်နေတုန်းသာ။

အိမ်အလုပ်တွေမှန်သမျှကိုလည်း မမကြီးကိုသာလုပ်စေသည်။ Baekhyun ကိုတော့ဖြင့် ဘာမှမလုပ်စေ။

Baekhyunကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ရွှေပေါ်မြတင် သခင်လေးတစ်ယောက်လိုသာ ထားထားကြ၏။

အဖေ့ပခုံးပေါ်ခေါင်းတင်ကာ တစ်ဖက်ကိုကြည့်လိုက်တော့ မတ်တပ်ရပ်နေတဲ့မောင်က Baekhyun ကိုပြုံးပြလာသည်၊

Park Chanyeol လို့ခေါ်တဲ့အမျိုးသား၊

Baekhyun ကတော့ သူ့ကိုမောင်ဟုခေါ်သည်။

မောင်က Baekhyun ရဲ့သူငယ်ချင်း၊ နောက်ပြီး တစ်ဦးတည်းသော ယုံကြည်အားကိုးရတဲ့သူ။

ဒီတစ်ခေါက်ခရီးက အရင်ကထက် ပိုကြာလွန်းသည်ဟုလည်း ခံစားရသည်။အဖေနှင့်အတူ ကုန်အဖွဲ့ထဲမှာပါသွားသည့် တစ်စုံတစ်ယောက်ကို လွမ်းနာကျနေတာကြောင့်လားတော့မသိ။ တစ်ပတ်ဟူသောအချိန်သည် တစ်နှစ်လောက်ရှိပြီဟုတောင် ထင်မှတ်ရသည်။

GAZE [COMPLETED]Where stories live. Discover now