nine

989 151 15
                                    

Jisoo စာမေးပွဲရှိတာမလို့အခုရက်ပိုင်းကိုအချိန်
ပိုင်းအလုပ်အကုန်နားထားပြီးစာထဲကိုသာစိတ်နှစ်
ထားသည်
Soojoo နှင့်လဲမတွေ့ဖြစ် စာမေးပွဲပြီးမှအချိန်တစ်ခု
သီးသန့်ပေးကာdate လုပ်တော့မည်

Soojooလဲအခုရက်ပိုင်းအတွင်းJisoo ကို
ဆက်သွယ်တာမလုပ်တာကြောင့်ငါ့ကိုများ
စိတ်ကောက်နေလားဟုတွေးမိပေမယ့်သူလဲ
စာမေးပွဲကြောင့်စာကိုသာအာရုံစိုက်​နေရလို့
ဖြစ်လိမ့်မည်

---------

"Jen ကျောင်းပီးရင် Appa လုပ်ငန်းတွေ
မှာဝင်ပြီးအလုပ်သင်ရမယ်နော်"

"သိပါတယ်Appa ရယ် အခုတော့အေးအေး
ဆေးဆေးလေးနေပါရစေဦးနော်"

"ဒါနဲ့ Jisoo ဒီရောက်နေပြီဆို သမီးနဲ့တွေ့
ဖြစ်သေးလား"

"ဟိုနေ့ကတောင်အိမ်ကိုလာသေးတယ်
Appa ကိုနှုတ်ဆက်သွားတယ်လို့ပြော
ပေးပါတဲ့ Jen ပြောဖို့မေ့နေတာ"

"Appa က လာတောင်မတွေ့ဘူးဆိုပြီး
စိတ်မကောင်းဖြစ်နေတာ
Appa အိမ်မှာမရှိတဲ့အချိန်လာသွားတာပဲ"

"စာမေးပွဲရှိတယ်လို့ပြောတယ်
ဖြေတောင်ဖြေနေပြီလားမသိဘူး
Jen သူငယ်ချင်းတစ်ယောက်လဲသူနဲ့ကျောင်း
တူတယ်"

"ဒါဆိုအားရှိအောင် စားစရာ နဲ့ဆေးတွေ
ပို့ပေးဦးမှပဲ သမီးသူ့အိမ်လိပ်စာသိလား"

အကဲပိုလိုက်တာသူ့သမီးလဲမဟုတ်ပဲနဲ့
ဟုစိတ်ထဲကနေပြောလိုက်ပြီး
တူကိုပန်းကန်ဘေးချကာရေခွက်ကိုယူလိုက်
ပြီး

"Arnyi မသိဘူး အဆောင်မှာနေတာမဟုတ်ဘူး
လား"

"သူ့အစ်ကိုကအိမ်ခန်းဝယ်ပေးထားတယ်တဲ့
လွတ်လွတ်လပ်လပ်နေရအောင်ထင်ပါတယ်"

"အဲ့ဒါတော့သမီးလဲမသိဘူး
အိမ်ကိုလာပြီးတဲ့နောက်ပိုင်းမတွေ့ဖြစ်ဘူး"

"ဖုန်းနံပါတ်ကောရှိလား
သမီးသူ့အိမ်လိပ်စာမေးပြီးအားတဲ့နေ့
သူ့အတွက်လိုအပ်တာလေးတွေသွားပို့ပေးပါဦး
တစ်ယောက်ထဲဆိုတော့အနေအစားများခက်နေ
မလားမသိဘူး"

"Appa ကလဲ တခြားသူပို့ခိုင်းလိုက်ပါလား
သူ့အဖေဆီကလိပ်စာမေးပြီးသွားပို့ခိုင်းလို့ရ
နေတာပဲကို Jen မသွားချင်ပါဘူး"

Han Nam - dong   To    Sanbon - dongWhere stories live. Discover now