Bar ထဲအော်ငိုနေတဲ့ Jennie ကြောင့်အားလုံး
ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတော့သည်။"Jen ရယ်တိတ်ပါ
အဆိုးထဲအကောင်းပဲလေ
သူကနင့်ကိုမခေါ်နိုင်မပြောနိုင်ဖြစ်နေတာ
မှမဟုတ်တာ သူပြောတဲ့သဘောအရဆိုသေချာ
စဉ်းစားကြည့်ရင် အစကပြန်စချင်တာကော
မဖြစ်နိုင်ဘူးလား
နင့်ကိုစကားလမ်းကြောင်းပေးထားတာမျိုးလေ
အကောင်းဘက်ကပါတွေးကြည့်မှပေါ့""မသိတော့ဘူးဟာ
သူ့ကိုသူများနောက်ပါသွားမှာကြောက်တာပဲ
သိတယ်
နင်တို့မသိလို့ဟ
သူအရင်ကထက်အများကြီးပိုလှလာတာ"ပြောရင်းနှင့်ထပ်ငိုနေတာကြောင့် Miyeon
ခေါင်းကိုတဗြင်းဗြင်းကုတ်နေတော့သည်။"ပြီးတော့သူ့ဆီလာတဲ့ အူကြောင်ကြောင်ရုပ်နဲ့
အရပ်ရှည်ရှည်ခပ်ပိန်ပိန်မိန်းမတစ်ယောက်
ရှိတယ်
အဲ့တစ်ယောက်ကမော်ဒယ်လိုမျိုးမိုက်နေတာ
ငါဘယ်လိုရင်အေးနိုင်မှာလဲ
ဆေးရုံကဆရာဝန်ပေါက်စကလဲဒီနေ့ပဲသူ့ကို
စသလိုနောက်သလိုနဲ့တွဲဖို့ပြောနေသေးတာ""ဟူး...မလွယ်ပါလား Jen ရယ်"
"နင်ကလွဲပီးဘယ်သူ့ကိုကမမြင်အောင်ကြိုးစားပေါ့
အခုမှသိကြတဲ့လူတွေထက်စာရင်နင်ကဟိုးအရင်
ထဲကသူ့အကြောင်းကောင်းကောင်းသိထားတဲ့လူ
လေ
ငါပြောချင်တဲ့အဓိပ္ပါယ်ကိုနင်သိမယ်လို့ထင်တယ်
ဟို..အရင်ကတွဲခဲ့ကြဖူးတော့ သူဘာကြိုက်လဲ
ဘယ်လိုဆွဲဆောင်လိုက်ရင်ညွတ်ကျလာတတ်သလဲ"သူငယ်ချင်းတွေရဲ့အကြံပေးချက်ကြောင့် Jennie
အနည်းငယ်ခေါင်းပြန်ထောင်လာသည်။"ဟုတ်တယ်...
ငါကလွဲပီး Jisoo ဘယ်သူ့ကိုမှစိတ်မဝင်စားအောင်
လုပ်ရမယ်
Kim Jisoo မျက်လုံးထဲ ငါတစ်ယောက်ထဲကိုပဲ
မြင်နေစေရမယ်".........
စာဖတ်နေပေမယ့်အာရုံကစုစည်း၍မရ
စာမျက်နှာတိုင်းမှာ Jennie ပုံရိပ်ကိုသာမြင်နေ
ရသည်။
စာအုပ်ကိုပိတ်၍ မျက်မှန်ကိုချွတ်ကာစားပွဲပေါ်သို့
တင်လိုက်ပြီးပြတင်းပေါက်ကနေအပြင်သို့ငေး
ကြည့်နေမိသည်။
အတွေးထဲမှာတော့ Jennie အကြောင်းသာ
အရင်လိုကလေးဆန်သည့်ပုံစံလေးအနည်းငယ်
ကျန်နေသေးပေမယ့် ရင့်ကျက်တည်ငြိမ်လာသည့်
သူမရဲ့အလှတရားက မျက်လုံးထဲထင်းနေကာ
ရုန်းမထွက်နိုင်အောင်ပင်
သူမအကြောင်းကိုမစဉ်းစားပဲမနေနိုင်အောင်ဖြစ်
နေသည်
Jennie နှင့်ပက်သက်လျှင်ဟိုအရင်ကလိုရင်ခုန်
စိတ်လှုပ်ရှားနေရတုန်းပင်