"Jen...ဘယ်လိုဖြစ်ပြီးအစောကြီးပြန်လာ..."
Appa ကိုပင်နှုတ်မဆက်အားပဲအိမ်ပေါ်သို့
အပြေးတက်လာခဲ့သည်"ဒီကောင်မလေး...ဘာဖြစ်လာတာလဲ"
အခန်းထဲရောက်တော့မှတံခါးလောခ့်ချကာ
အဲ့နေရာမှာပင်ထိုင်ချလိုက်တော့သည်"Jennie....နင်ဘာတွေလုပ်ခဲ့တာလဲ...
ဘာတွေလုပ်ခဲ့တာလဲဟာ..."ဆံပင်တွေကိုထိုးဖွကာ မျက်လုံးကိုမှိတ်လိုက်တော့
ညကအဖြစ်အပျက်တွေကကွင်းကွင်းကွက်ကွက်
မျက်လုံးထဲပြန်ပေါ်လာသည်"အား....ရှက်ဖို့ကောင်းလိုက်တာ..
ဘာလို့အဲ့လိုမျိုးစိတ်မထိန်းနိုင်ခဲ့ရတာလဲ...."Flashback
Jisoo ရဲ့အနမ်းတွေအောက်ကရုန်းမထွက်နိုင်
ဖြစ်နေတဲ့ jennie
ရုတ်တရပ်ဖုန်းမြည်သံကြောင့် Jisoo ကနမ်းနေ
ရာမှဖယ်ပေးတော့
Jen ထိုင်လိုက်ပြီးအိတ်ထဲကဖုန်းကိုထုတ်လိုက်
သည်
Appa ဆီကဖြစ်နေသည်
Jisoo ကဘီယာတစ်ဗူးထပ်ဖောက်ကာ TV
ရီမုကိုလက်ထဲမှာလှည့်ပြီးဆော့နေသည်
Jen လည်ချောင်းတစ်ချက်ရှင်းကာအသံမတုန်
အောင်ထိန်းပြီး"အင်း..Appa...Jisoo နဲ့စကားပြောကောင်း
နေတာနဲ့..
နာရီမကြည့်မိလိုက်ဘူး""..."
"Jisoo အိမ်မှာ...မပြန်ရသေးတာ...
အင်း..အခုပြန်လာခဲ့မယ်"Appa ဘက်ကဖုန်းချသွားပြီဆိုပေမယ့်
သူမဆက်ပြောနေတာပင်
Appa က Jisoo အိမ်ကမပြန်ရသေးရင်
ဒီမှာပဲအိပ်ဖို့ပြောပြီးချသွားတာ
ဒီမှာဆက်နေရင်သူမအငွေ့ပျံသွားတော့မည်
ရှက်နေတဲ့ခံစားချက်ကြောင့်ရဲနေမည့်မျက်နှာ
ကိုJisoo မမြင်အောင်ဖုန်းကွယ်ကာ
ပိုက်ဆံအိတ်ကိုကောက်လွယ်ပြီးနောက်"ငါ...ပြန်တော့မယ်..."
"အင်း..."
Jisoo ကသောက်လက်စဘီယာဗူးကိုချထားကာ
သူမကိုအိမ်ရှေ့ထိလိုက်ပို့ပေးသည်
Jen ဖိနပ်စီးနေရင်း Jisoo ကိုမဝံ့မရဲမော့ကြည့်
လိုက်ကာ"မူး...မူးနေလဲထပ်သောက်မနေနဲ့တော့"
"အင်း...ကားကိုဂရုစိုက်မောင်း"