eleven

1K 145 14
                                    

ဖုန်းကိုယူပြီးဆိုင်အပြင်ဘက်ထွက်သွားတဲ့
Jennie ကိုအကုန်လုံးလိုက်ကြည့်နေကြသည်
5 မိနစ်လောက်ကြာတော့ထွက်သွားတုန်းက
မျက်နှာအမူအယာနှင့်ဆန့်ကျင်ဘက်ပြုံးရွှင်
ကာပြန်လာပြီးထိုင်ခုံပေါ်ကပိုက်ဆံအိတ်နှင့်
အေပၚထပ္အက်ႌကိုယူကာ

"ငါပြန်နှင့်တော့မယ်...တာ့တာ"

ပြောပြီးသည်နှင့်သူမတို့ပြန်နှုတ်ဆက်တာကို
တောင်မစောင့်ပဲဆိုင်ထဲကခပ်သုပ်သုပ်ထွက်
သွားသည်

Jaehee ကလေထဲမှာထောင်လျက်သား
ဖြစ်နေတဲ့သူ့လက်ကိုပြန်ချကာ

"သူဘာဖြစ်နေတာလဲ
ရောက်လာခါစကတော့ဆူပုတ်ပြီး
လငပုတ်ဖမ်းထားသလားထင်ရတယ်
ငါတို့ကိုတောင်စကားမပြောနိုင်ဖြစ်နေတဲ့
လူက.."

"သူအခုတလေထူးဆန်းနေတယ်မထင်ဘူး
လား"

Jaehee ကမေးစိကိုလက်ဖြင့်ပွတ်ကာစဉ်း
စားနေပုံကြောင့် Miyeon သူတို့သိချင်
နေတဲ့အဖြေကိုစိတ်ထဲကနေသာဖြေပေးလိုက်
သည်
ရည်းစားရနေတာဟေ့ဟုဆိုပြီး...

"Miyeon နင်ကောဘယ်လိုထင်လဲ
သူထူးဆန်းနေတယ်လို့မထင်ဘူးလား
ဒါနဲ့ဆိုငါတို့နဲ့ဆိုင်ထိုင်တိုင်းသူအရင်ဆုံး
ထပြန်သွားတာလေးငါးခါမကတော့ဘူး"

"မပြောတတ်ဘူးလေ...သူလဲကိစ္စရှိလို့
ဖြစ်မှာပေါ့"

Miyeon အအေးတစ်ငုံသောက်ပြီးနောက်
ပြန်ဖြေလိုက်သည်

"Soojoo ကလဲဟိုရောက်ပြီးထဲကငါတို့ကို
ဆက်သွယ်မလာတော့ဘူး
သူ့အကောင်မျက်နှာတစ်ကမ္ဘာထင်နေပြီ
လားမပြောတတ်"

Soojoo ကသူ့ရည်းစားနှင့်အတူအမေရိကသို့
ပြောင်းသွားပြီဖြစ်သည်
ဟိုမှာပဲကျောင်းဆက်တက်မည်ဟုသိရသည်

"ငါတော့သူ့ကိုအံ့သြလို့မဆုံးဘူး
Jisoo ကိုဖြစ်တုန်းကလဲအသဲအသန်
ပြီးတော့လဲဘာမှမဟုတ်ဘူး
နောက်တစ်ယောက်ရှာသွားတာပဲ
သူများသားသမီးကိုအလကားသက်သက်စိတ်
ဒုက္ခပေးတာ"

"တော်သေးလို့ပေါ့ Jisoo ကလဲသူ့ကိုအသဲသန်
ဖြစ်မနေလို့"

"အစထဲကသူ့ကိုအားနာလို့ပြန်ကြိုက်ခဲ့တာ
အကုန်အသိပဲကို"

Han Nam - dong   To    Sanbon - dongOnde histórias criam vida. Descubra agora