U
.
.
.
ကလေးထမင်းစားပြီးနောက်"ကလေး အဲတာဘယ်သွားမလို့လဲ"
"မြင်တဲ့အတိုင်းဘဲ ကျွန်တော်သွားအိပ်တော့မယ်"
"ပြီးကျမှ အိပ်လေကလေးရယ်
ဦးဆရာဝန်ခေါ်ထားတယ်""ခေါ်ထားတာဦးလေ ကျွန်တော်ခေါ်ထားတာမှမဟုတ်တာ ကျွန်တော်ဘာမှမဖြစ်ဘူး ဖြစ်ရင်လဲ ကျွန်တော်ကိုဆေးကုမနေနဲ့ ဘယ်လိုဘဲဖြစ်ဖြစ် မမြင်ရတဲ့ အနာဂတ်မှာ သေနတ်နဲ့သေမယ့်အစား သည်လိုနဲ့သေတာတောင် ပိုကောင်းသေးတယ်"
"ကလေး သေတယ်ဆိုတဲ့စကားမပြောပါနဲ့ဟာ"
"အဲလိုမပြောတော့ ကျွန်တော်ဘယ်လိုပြောရမှာလဲ"
"ကျွန်တော်ကို မနှောက်ယှက်နဲ့တော့ ကျွန်တော်သွားအိပ်တော့မယ်"
"အိပ်ချင်ရင်လဲ တံခါးသော့မခတ်ထားနဲ့ ဆရာဝန်လာရင် ဆေးစစ်ရမှာမလို့"
"ခင်ဗျားစကားနာထောင်ရအောင် ခင်ဗျားက ကျွန်တော်အဖေမှမဟုတ်တာ"
"ကလေးရယ် မဆိုးပါနဲ့ကွာ ကလေးမျက်နှာက်ို မှန်ထဲပြန်ကြည့်လိုက်အုံး ဖြူဖျော့နေတာပဲ ကလေးတစ်ခုခုဖြစ်မှာ ဦးကစိတ်ပူလို့ပါကွာ"
"နော် ဦးစကားကိုနာထောင်ပါအုံး"
"ဟအင်း နာမထောင်ဘူး ကျွန်တော်ပြောတာတောင် ဦးကနာထောင်လို့လား"
ကျွန်တော်လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ဆံပင်ကို သပ်လိုက်သည်
"ဟုတ်ပါပြီး ကလေးပြောသလို ဦးအဲ့အလုပ်တွေ မလုပ်တော့ဘူး ဟုတ်ပြီးလား အခုတော့ ဆရာဝန်လာရင် ဆေးတော့အစစ်ခံ"
"သခင်ကြီး ဆရာဝန်ရောက်နေပါပြီ"
"ဟုတ်ပြီ ဆရာဝန်ကို အိမ်ထဲခေါ်လာလိုက်"
"ဟုတ်ကဲ့ သခင်ကြီး"
ကျွန်တော်က အဲ့အလုပ်မလုပ်တော့ဘူးပြောမှ ကျွန်တော်စကားကိုနာထောင်ကာ ကလေးကဆေးအစစ်ခံတော့သည်
ဆရာဝန်က ဆေးစစ်တော့ ခနမျှအံ့သြဟန်ရှိပြီး လက်ရဲ့ အကြောကိုပြန်ဆန်းကာ ပြုံးလာသည်
ကျွန်တော်စိတ်ထဲတွင်တော့ ကလေးမျက်နှာဖြူဖျော့နေတာက်ို ဘာများပြုံးစရာရှိလဲပေါ့ ဆရာအပြုအမှုကြောင့် ကျွန်တော် စိတ်ဝင်စားမှု မြင့်တက်လာသည်