ယူနီကုဒ်
ကျွန်တော်တို့ အိမ်ရောက်တဲ့အထိ ကလေးက ကျွန်တော်ကို စကား တစ်ခွန်းမှ မပြောပါ
အခုလဲ ကားထဲကနေ ထွက်လာတာနဲ့ အိပ်ခန်းထဲ ချက်ချင်းဝင်သွားသည်
ကျွန်တော်လဲ ကလေး အဲလိုတွေ ဖြစ်တာ မကြည့်ရက်တာနဲ့
ကလေးကို ချော့ဖို့ အိပ်ခန်းထဲဝင်တော့ ကလေးက ခေါ်င်းမှုးခြုံပြီး အိပ်နေသည်"ကလေး ကလေး ဦးကို စိတ်ဆိုးနေလား"
ခဏကြာတဲ့ အထိ ကလေးဆီက ဘာမှ တုန့်ပြန်မှုမရခဲ့ပါ
"ကလေး ကလေး မအိပ်သေးမှန်း ဦးသိတယ်နော် နောက်ငါးမိနိစ်အတွင်း ဦးနဲ့ စကားမပြောရင် ဦး........"
ဟု ပြောတုန်း ရှိသေး ကလေးက ခေါင်းအုန်းနဲ့ ကျွန်တော်ကို ပစ်လိုက်သည်
"အဟင့် အဟင့် ဒါတွေ အားလုံးက ဦးကြောင့် ဖြစ်တာ ကလေး ပြောသာဘဲ အဟင့် ....."
"ပါတီပွဲ မသွားဘူးလို့ အဟင့်........"
"ဦးသာ အတင်းမသွားခိုင်းရင် သည်လို ဖြစ်မှာ မဟုတ်ဘူး"
"အဟင့် အဟင့် "
"ကလေး မငိုနဲ့တော့နော် ဦးတောင်းပန်ပါတယ် ပြီးရင် ကလေးက ကိုယ်ဝန်ကြီးနဲ့ ကျန်းမာရေး ထိခိုက်လိမ့်မယ်"
ကျွန်တော် ကလေးကို ဘယ်လောက် ချော့ချော့ ကလေးက စိတ်ကောက်ပြီး ငိုနေတာမို
ဘာလုပ်ရမှန်းပင် မသိေတာ့ပါအကြံတစ်ခုရပြီ
ကျွန်တော် ယုန်ကလေးလို ပုံစံလုပ်ကာ(ချွဲ့သော အသံဖြစ်) "ကလေး စိတ်ဆိုး တုန်းလာ.. သည် ဦးဦး ယုန်လေးက ဘာလုပ်ပေးရမှာလဲ "
ဆိုပြီး ကလေးရဲ့ ဒူးကို ဖက်ပြီး ခေါင်းလေနဲ့ ပွတ်သီးပွတ်သပ်လုပ်ကာ
ချစ်စရာ ကောင်းတဲ့ မျက်နှာပုံစံလေ လုပ်ပြနေသည်ကျွန်တော် ဦးကို စူးစမ်းသောအကြည့် ဖြင့်ကြည့်လိုက်သည်
"အဲဆို ဖားလိုခုန်ပြ"
ကျွန်တော် ကလေး ပြောတဲ့ အတိုင်း ဖားလို ပုံစံလေ လုပ်ကာ ခုန်ပြလိုက်သည်
ကျွန်တော်က ဦးကိုစချင်လို့ ပြောလိုက်ပေမဲ့ ဦးတကယ် လုပ်လိမ့်မယ်လို့ မထင်ခဲ့မိပါ