U
.
.
.ကျွန်တော်ကလေးကို အားရပါးရ မကြေနပ်ချက်တွေပြောနေရင် ကလေးကို ကြည့်လိုက်တော့ အိပ်ပျော်နေသည်
သည်ကလေးနယ် ကျွန်တော် ကလေးရဲ့ ဆံပင်ကို ဖွဖွလေ ကိုင်ပြီး မေ့စေ့ထောက်ကာ ကလေးအိပ်နေတဲ့ အလှတရားကို ကြည့်နေသည်
မျက်တောင်မွှေရှည်ရှည်နဲ့ ကလေး
အသား ဖြူဖြူလေနှင့်
နုညံပြီး ပန်းနုရောင် သန်နေတဲ့ နှုတ်ခမ်းလေနှာတံလေလဲ ဆင်း နေတာဘဲ တွေးလဲတွေးရင်နဲ့ လက်လေးကလဲ ပြောတဲ့ အတိုင်း နှာတံကို လက်ချောင်းလေနဲ့ ထိတွေ့သည်
"ဦး ဘဝထဲကို မမွေးရသေးတဲ့ကလေးနဲ့ အတူ ဝင်လာပေးလို့ ကျေးဇူးအများကြီး အများကြီး တင်တယ်"
"ပြောမပြ တက်အောင်လဲ ဦးအရမ်းပျော်တယ် သိလား"
"အရမ်းချစ်တယ်" ပါးလေကို kissတစ်ချက်ပေးလိုက်သည်
တစ်ပတ် ကြာတော့ ကျွန်တော် ဆေးရုံး ဆင်းလို့ရပြီးမို ပစ္စည်း သိမ်းကာ အိမ်ပြန်ရန် ပြင်လိုက်သည်
"ကလေး ဦးတို့ သည်မှာအကြာကြီး မနေတော့ဘူးနော်"
"ဟမ် ဘာဖြစ်လို့လဲ ဦး"
"အား ဦးက သည်ရောက်ကတည်းက အလုပ်လဲ ပစ်ထားတာ ကြာပြီးလေ နောက်ထက် ဟိုမှာရောက်ရင် ကလေးအတွက်လဲ ဆရာဝန်ရှာပေးထားတယ်"
"ဟုတ်ကဲ့ဦး"
ကျွန်တော်တို့ နေစရိတ်နှင့် ဆေးစရိတ်ခ ငွေရှင်းပြီး နောက်မှာတော့
ဦးက ကားထုတ်မယ် ပြောပြီး ကြာနေသည်
"ဦးက ကြာလိုက်တာ ဘာလုပ်နေလဲ မသိဘူး"
ထိုအချိန်တွင်
"ဇော်...."
ခေါ်ရာအရပ်ကို ကြည့်လိုက်တော့ သဇင်ပင်
သူ ကျွန်တော်အနားကိုလာကာ"ဇော် ဆေးရုံးမှာ ဘာလာလုပ်တာလဲ
နေမကောင်းလို့လား
ဘယ်သူနဲ့ လာတာလဲ
ဘာလို့ အရင်နေ့တွေက ညီမ ဖုန်းဆက်တာ မကိုင်တာလဲ
တစ်ခုခု ဖြစ်.....""ခဏ နေအုံးသဇင်"
"အပြောအဆိုတွေ ဆင်ခြင်ပါ
နင်စိတ်ပူရအောင် ငါမင်း ချစ်သူ မဟုတ်သလို ငါတို့နှစ်ယောက်လဲ ဘာမှ မပတ်သက်ဘူး"