UNICODE
ဆိုလ်းမြို့ တရားရုံး,
" တရားသူကြီးမင်းခင်မျာ
ရုံးတော်မှာရောက်ရှိနေတဲ့
တရားခံဟာ တရားလိုရဲ့ခင်ပွန်းသည်ကို
အမြဲလိုလိုမြူစွယ်ဖျားယောင်း
သွေးဆောင်တတ်ပါသေးတယ် "မျက်လွှာကိုချလျှက်
အံကိုတင်းတင်းကြိတ်ထားခဲ့မိတယ်
မဟုတ်ဘူး အလ်ိမ်အညာတွေ ဘယ်တုန်းကမှ
အဲ့လို အောက်တန်းကျတဲ့အလုပ်မျိုးကို
ယောင်လို့တောင်စိတ်ကူးထဲမထည့်ကြည့်ဖူးဘူး" အဲ့ဒီ့အတွက် သက်သေခံပေးမယ့်
တရားလိုရဲ့ခင်ပွန်းသည်ကို ရုံးတော်တင်ပါရစေ "မျက်ဝန်းလှလှလေးတွေသည်
ဖြတ်ခနဲ ပွင့်ကျလာသည်။ခြေသံတွေကြားနေရသော ရုံးတော်ရဲ့
စကြန်လမ်းကို ဖြတ်ခနဲလှည့်ကြည့်လိုက်တော့
အနက်ရောင် shirt ကို စတိုင်ပန်အနက်နဲ့
တွဲဖက်ဝတ်ဆင်ထားပြီး မာန်ပါပါခြေလှမ်းတွေနဲ့
ဘုရင်တစ်ပါးလို ကြွမြန်းလာလေသူသည်
အကြည့်တစ်ချက်ပင်ရောက်မလာပဲ ကျွန်တော့်ကို
ထောင်မကျကျအောင်ဆွဲချဖို့သာ ကြိုးပမ်းနေတဲ့
ရှေ့နေရှေ့မှာ သူခြေစုံရပ်လိုက်တယ်**ကယ်တင်ပေးပါ
မင်းကတော့အမှန်တရားကို
သိတယ်မဟုတ်လား
ကျေးဇူးပြုပြီး ငါ့ကို
ကယ်တင်ပေးပါ ဂျွန်***အသနားခံနေတဲ့မျက်ဝန်းတွေကို
ဂျွန်က စူးရဲစွာလှမ်းကြည့်လာသည်
သူ့မျက်ဝန်းတွေထဲမှာ
မုန်းတီးမှုတွေအပြည့်ပါလား
မင်းကပါ...မင်းကပါငါ့ကို
မယုံကြည်ခဲ့တာလား ဂျွန်။" ဒီက ဂျွန်ဂျောင်ကုဟာ တရားလို ဂျွန်ဂျူဟယ် ရဲ့
ခင်ပွန်းသည်ဆိုတာဟုတ်ပါသလား "" ဟုတ်ပါတယ် "
တည်ငြိမ်စွာရပ်နေသူကိုကြည့်ရင်း
ခြေတွေမခိုင်ချင်လာသူက
ကျွန်တော်ပင် ကျေးဇူးပြုပြီး....." တရားခံဟာ ဂျွန်ဂျောင်ကုနဲ့ ဘယ်လိုပတ်သတ်
နေတာလဲပြောပေးလို့ရမလား "ဖြတ်ခနဲသူကျွန်တော့်စီလှမ်းကြည့်
လာပါသေးတယ် သို့သော် စက္ကန့်ပိုင်းလေးတောင်
မကြာလိုက်ပဲ သူချက်ခြင်းမျက်နှာလွှဲသွားခဲ့သည်။
YOU ARE READING
လှပစွာရေးသီသော အမုန်း
Fanfic~~~ သံသရာအဆက်ဆက် မင်းမျက်ရည်တွေကို ငါခြေဆေးပစ်မယ် ဂျွန် ~~~