Unicode
*ဘုန်း
"အ"
ပွေ့ချီခံထားရတဲ့ခန္ဓာကိုယ်ဟာမညှင်မသာလွှတ်ချခြင်းကိုခံလိုက်ရသည်။ အီစိမ့်သွားတဲ့ကျောကုန်းကိုဂရုမစိုက်နိုင်စွာအမြန်ဒူးတုပ်ထိုင်လိုက်ရသည်။
ကင်မ်ဆောနူးကတော့ မတ်တပ်ရပ်လျက်ခါးကိုင်းကာခေါင်းကိုညွတ်ထားသည်။"မှားသွားပါတယ် အရှင့်သား
တစ်ခါလောက်ပဲခွင့်လွှတ်ပေးပါ"စကားအဆုံးမှာမင်းသားရဲ့ဓါးအိမ်ကဂျောင်းဝန်းရဲ့မေးရိုးကိုပင့်တင်ကာမော့ကြည့်စေသည်။
"အမည်"
"ယန်းဂျောင်းဝန်းပါအရှင့်သား"
"ယန်းဂျောင်းဝန်း?
ဧကန္တ ပညာရှိအမတ်ကြီးယန်းရဲ့သားများလား""ဟုတ်ပါတယ်အရှင့်သား"
သာမာန်လူသာဆိုရင် ဒီလိုမဆင်ခြင်ပုံနဲ့အနည်းဆုံးကြိမ်ဒဏ်တော့သင့်မည်ဖြစ်သော်လဲ
ပညာဥာဏ်နဲ့ပြည့်စုံလို့မင်းကြီးကိုယ်တိုင်လေးစားခင်တွယ်ရတဲ့အမတ်ကြီးရဲ့သားဖြစ်တာကြောင့်ပစ်ဒဏ်ပေးဖို့မဖြစ်နိုင်ပေ။ဂျုံဆောင်းဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ကာထိုကောင်လေးနှင့်မျက်နှာချင်းဆိုင်လိုက်သည်။
ငုံ့ကျသွားပြန်တဲ့မျက်နှာလေးကိုမေးဖျားကနေပင့်ကာမော့စေတော့ချစ်စရာမျက်နှာလေးနှင့်မလိုက်ဖက်စွာ အကြောက်အလန့်မရှိတဲ့မျက်ဝန်းဝိုင်းတွေနှင့်ကြည့်လာသည်။
"နောက်တစ်ခါထိပ်တိုက်မတွေ့စေနဲ့"
ထိုကလေးကသာအပစ်လုပ်ထားပြီးမကြောက်မလန့်မရှိသူ့ကိုမျက်လုံးချင်းဆိုင်ကြည့်လာပေမယ့် သူ့ဘေးကတစ်ယောက်ကတော့တုန်ရီလို့နေတာကြောင့် ဂျုံဆောင်းသတိပေးစကားတစ်ခွန်းသာပြောပြီးထိုနေရာမှထွက်လာခဲ့လိုက်သည်။
တစ်လျှောက်လုံးကိုယ်နဲ့မဆိုင်သလိုနှုတ်ဆိတ်နေခဲ့တဲ့ဆောင်းဟွန်းလဲဂျုံဆောင်းနောက်ကိုလိုက်ရန်ခြေလှမ်းပြင်လိုက်ပေမယ့် နှာခေါင်းထဲဝင်လာတဲ့ချိုအီအီအနံ့သင်းသင်းကြောင့်တုန့်ဆိုင်းသွားရသည်။
YOU ARE READING
ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾
FanfictionI'm your captive. Willingly... Jaywon Side ship//Sunsun Historical Romance × comedy