Unicode
နွေကြောင့် သစ်ရွက်ခြောက်တွေကြွေကျနေတဲ့ သစ်ပင်အကြီးကြီးတစ်ပင်အောက်ရောက်သွားတော့ ရှေ့ကသွားနေတဲ့မင်းသားရဲ့ခြေလှမ်းတွ
ကရပ်သွားပြီး သူတို့ဆီလှည့်ကြည့်လာသည်။ထို့နောက် သစ်ပင်မှာထောင်ထားတဲ့တံမြက်စည်းဆီမေးငေါ့ပြသည်။
"တစ်ရွက်မှမကျန်အောင်လှည်း"
မြေပြင်ပေါ်ကျနေတဲ့အဆုပ်လိုက်သောသစ်ရွက်ခြောက်တွေကိုကြည့်ပြီး ဂျောင်းဝန်းမျက်လုံးတို့ဝိုင်းစက်သွားသည်။
စာရေးစာဖတ်ကလွဲပြီး ပင်ပန်းတာဆိုလို့လိုက်ကမြင်းကြောထတာပဲရှိခဲ့တဲ့အတွက် ဒါတွေကိုပြောင်အောင်လှည်းရရင်သေရချည်ရဲ့။
"တံ-တံမြက်စည်းကတစ်ချောင်းထဲ"
"ဟုတ်တယ် မင်းလှည်း
မင်းကသွားတော့"သူအမေးအဆုံးမင်းသားက ကင်မ်ဆောနူးကိုခေါင်းတစ်ချက်ဆတ်ကာထွက်သွားခိုင်းသည်။
"ဗျာ"
ဂျောင်းဝန်းရဲ့မျက်လုံးတွေပိုပြူးသွားရပြီး
မင်းသားကိုမေးခွန်းထုတ်သလိုကြည့်လိုက်သည်။
သက်သာမလားလို့စောဒကတက်မိပါတယ်
ခုတော့အဖော်ပါမဲ့နေလေပြီ။ပြစ်ဒဏ်မခံရတော့လို့ ကုတ်ကုတ်"နဲ့ထွက်သွားတဲ့ဆောနူးရဲ့ကျောပြင်ကိုမြင်တော့ ဂျောင်းဝန်းပြေးကန်ချင်စိတ်တွေကိုမနည်းထိန်းထားရသည်။
မင်းသားငယ်ကတော့ ခပ်လှမ်းလှမ်းကမြေမို့မို့လေးမှာထိုင်ပြီး သစ်သားချောင်းတစ်ခုကိုချွန်နေလေသည်။
မင်းသားကသူ့ဆီအာရုံမရှိတာသေချာမှ နှုတ်ခမ်းတို့ကိုဆူထုတ်လိုက်မိသည်။
ဒါ သက်သက်မတရားတာပဲ။ ဘာလို့ သူတစ်ယောက်ပဲလှည်းနေရတာလဲ။
တံမြက်စည်းမလှည်းတတ်ရတဲ့အထဲစိတ်ဆိုးမာန်ဆိုးနဲ့လှည်းတော့ သစ်ရွက်တွေကပြောင်မသွားပဲဝေ့ဝိုက်နေသေးသည်။
YOU ARE READING
ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾
FanfictionI'm your captive. Willingly... Jaywon Side ship//Sunsun Historical Romance × comedy