5🍑

1.1K 189 29
                                    

Unicode

မင်းသား​ရှေ့​မှောက်ရက်လဲအရှက်ကွဲခဲ့ပြီးတဲ့​နောက်တွင်​တော့ ​ဂျောင်းဝန်း​ရော​ဆောနူးပါ​ခြေငြိမ်​နေကြသည်။

​ဂျောင်းဝန်းကသစ်ရွက်​တွေကိုကြည့်ပြီး​ငေးမ​နေ​တော့သလို​ဆောနူးကလဲစကား​တွေအများကြီးမ​ပြောဖြစ်​တော့။

နှစ်​ယောက်စလုံးရဲ့​ခေါင်းထဲအ​တွေးကိုယ်စီနဲ့တစ်သီးတစ်သန့်သာဖြစ်​နေကြသည်။

​ဂျောင်းဝန်းက​တော့ ​မှောက်ရက်လဲခဲ့တဲ့​နေ့က မင်းသားရဲ့တယုတယအပြုအမူတစ်ချို့အ​ကြောင်းကိုအထပ်ထပ်အခါခါပြန်​တွေး​နေခြင်းဖြစ်သည်။

စာကြည့်စားပွဲ​ရှေ့ထိုင်​နေ​ပေမယ့် စာထဲ​တော့စိတ်မ​ရောက်။ မှင်တံကိုင်ထားတဲ့လက်တို့ကအကျင့်ပါပြီးအလိုအ​လျောက်လှုပ်ရှား​နေ​ပေမယ့် သူချ​ရေး​နေတာ​တွေက အသံထွက်ဖို့ပင်ခက်ခဲတဲ့ဂြိုလ်သားဘာသာစကားတစ်ချို့ဖြစ်လိမ့်မည်။

ခပ်ဖွဖွထိ​တွေ့လာတဲ့လက်​ချောင်းတို့အ​ကြောင်း​တွေးမိ​တော့အတိုင်းအဆမရှိခုန်လာတဲ့ရင်​တွေ။

တစ်ခုခုမှား​နေပြီဆိုတာ​သေချာတာမို့ လမ်းလွဲမသွားခင်တစ်ခုခုလုပ်ရမည်။

ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချကာ လက်ထဲကမှင်တံကိုသိမ်းလိုက်သည်။

"​ဆောနူး"

"​ဟေ"

ပါးစပ်ကထူးလာ​ပေမယ့်မျက်လုံး​တို့က​တော့သူ့ဆီ​ရောက်မလာ​သေး။

"​ဆောင်ကြာမြိုင်ကိုသွားရ​အောင်"

"​အေး...

ဘာရယ်!!"

စာရွက်က​နေအကြည့်တို့မခွာပဲစိတ်လွတ်​နေတဲ့သူလို​ခေါင်းကိုညိမ့်ပြီး​တော့မှ အသိစိတ်ကပ်သွားသလိုထ​အော်သည်။

​အော်ရ​အောင်လဲအ​ကြောင်းပြချက်ကလုံ​လောက်သည်။ မ​မွှေမ​နှောက်ပဲငြိမ်​နေခဲ့ပြီး​တော့မှ ပထမဦးဆုံး​ပြောလာတဲ့စကားက " ​ဆောင်ကြာမြိုင်သွားရ​အောင်"တဲ့​လေ။

"ဖြည်းဖြည်း​အော်ပါကွ မင်းကလဲ"

"ယန်း​ဂျောင်းဝန်းရူးသွားပြီကိုး"

ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾Where stories live. Discover now