ဆောင်းဟွန်းနဲ့ ဂျုံဆောင်း...
တောင်နန်းစံမိဖုရားရဲ့သားတော်နှစ်ဦးဖြစ်ပြီး
ထွန်းကားဖို့ခဲယဥ်းတဲ့အမြွှာလဲဖြစ်သည်။တခြားမိဖုရားတွေကသားတော်မထွန်းကားခဲ့တဲ့အလျှောက် အရှုပ်အရှင်းမရှိပဲညီအစ်ကိုအရင်းနှစ်ယောက်သာမွေးချင်းအဖြစ် အတူတူစား အတူတူကစားကာကြီးပျင်းလာခဲ့ကြသည်။
အနည်းငယ်လေးပိုကြီးတဲ့ဆောင်းဟွန်းကအိမ်ရှေ့စံအရိုက်အရာကိုခံယူတော့ ညီဖြစ်သူဂျုံဆောင်းကမကျေမနပ်ပြသနာတက်တာမျိုးမရှိခဲ့။
ကိစ္စတစ်ခုခုနဲ့ပတ်သတ်ပြီးရန်ဖြစ်ကြလေတိုင်းဆောင်းဟွန်းကအကြီးမို့အလျှော့ပေးသင့်တယ်လို့ပြောလေ့ရှိသူသည် ထီးနန်းအရေးနဲ့ပတ်သတ်လျှင်တော့ တစ်ခွန်းမျှမဟတတ်။ ဝင်မပါရလေအေးလေဆိုတဲ့သဘောဖြင့်သာနေသည်။
ဆောင်းဟွန်းကလဲ ဒါဟာသူ့ရဲ့တစ်ဘဝလုံးစာ
ဂျုံဆောင်းအားအလျှော့ပေးခြင်းဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ ခေါင်းရှုပ်စရာနန်းတွင်းအရေးတွေကိုသူကဆီးလို့ကိုင်တွယ်သည်။___________________________________
ဒီပိတ်ရက်မှာဆောနူးတစ်ယောက် ဆေးမြစ်တူးဖို့တောထဲကိုပါသွားတော့ဂျောင်းဝန်းတစ်ယောက်ထဲ
အဖော်မဲ့နေလေသည်။
တစ်နေ့လုံးအခန်းထဲထိုင်ကာစာရေးနေရတာ
ညောင်းချိနေပြီး ပျင်းရိလှတာကြောင့် အခန်းထဲကထွက်ခဲ့လိုက်သည်။အဆောင်ရဲ့ခေါင်မိုးပေါ်တွယ်တက်လိုက်တော့အမိုးဟာနေ့လည်ကနေအရှိန်ကြောင့်အနည်းငယ်နွေးနေသေးသည်။ ထိုင်ဖို့အဆင်မပြေတာကြောင့်အမိုးပေါ်မတ်တပ်ရပ်လျက် နေရှိရာဘက်သို့မျှော်ကြည့်လိုက်သည်။
သူသဘောကျသည့်အပြာရောင်ငှက်တစ်အုပ်သည် အစီအရီပျံသန်းကာခပ်လှမ်းလှမ်းကမိုးမခပင်ကြီးဆီမှာအိပ်တန်းတက်ရန်အတွက်နေရာယူသည်။
"ငါလာပြီ သူငယ်ချင်းတို့"
ထိုအပြာရောင်ငှက်တစ်အုပ်အားမပျင်းရိစေရန်အလို့ငှာ မိုးမခပင်ကြီးဆီသို့အမိုးတစ်ခုမှတစ်ခုခုန်ကူး၍အရောက်သွားလိုက်သည်။
YOU ARE READING
ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾
FanfictionI'm your captive. Willingly... Jaywon Side ship//Sunsun Historical Romance × comedy