ဘယ်သူကဒီမျက်ဝန်းလေးတွေထဲကထွက်ပြေးလို့ရခဲ့ဖူးလို့လဲ...
မင်းသားငယ်ကိုတော့ ခပ်တင်းတင်းလေးချည်နှောင်ရမှာပေါ့...မင်းသားငယ်ကျောပေါ်ကနေ ပုခုံးပေါ်သို့မေးတင်လိုက်သည်။ မြှားပစ်တဲ့နေတုန်းက အသားယူခဲ့သမျှကိုလက်စားပြန်ချေရန်ဆုံးဖြတ်ကာ နားရွက်အောက်ကဂုတ်သားလေးကို လေနဲ့မှုတ်ထုတ်လိုက်သည်။
မင်းသားငယ်ရဲ့နားရွက်တွေက ချက်ချင်းရဲတက်သွားပြီး သူ့ကိုလှည့်ကြည့်လာသည်။ဒီလိုဆိုပြန်တော့လဲ မာယာတွေထုတ်သုံးမိသူက ဂျောင်းဝန်းမဟုတ်သလိုမျိုး မျက်တောင်တို့ကိုတဖျတ်ဖျတ်ခတ်ကာ အကြည့်လွှဲပစ်လိုက်ရသည်။
မင်းသားငယ်ရဲ့ကျောပေါ်မှာရှိနေရတာ ဒါကဒုတိယအကြိမ်မြောက်ဆိုပေမယ့် နေသားကျမနေ။ ပထမအကြိမ်ကလိုအရက်မူးမနေ၍ဖြစ်နိုင်သည်။
အထူးသဖြင့် သူ့ရဲ့ရင်ခုန်သံတွေ...
အလိုက်ကမ်းဆိုးမသိတဲ့ သူ့ရဲ့ရင်ခုန်သံတွေက မင်းသားငယ်သတိထားမိသွားလောက်အောင်ကိုကျယ်လောင်လွန်းနေသည်။မင်းသားငယ်က ခြေလှမ်းတစ်လှမ်း,လှမ်းလိုက်လေတိုင်း အဆောင်ပြန်လမ်းတို့ပိုလို့ရှည်ကြာစေဖို့ ဂျောင်းဝန်းဆုတောင်းနေမိသည်။
ထိုအခိုက်...နှလုံးသားနှစ်ခုဟာ အနီးစပ်ဆုံးနေရာမှာထပ်တူကျလို့နေခဲ့သည်။
အိပ်ဆောင်မရောက်ခင်ကဥယျာဥ်ကလေးမှာ မင်းသားငယ်ကရပ်တန့်လိုက်သည်။
ဂျောင်းဝန်းအရက်မူးခဲ့တဲ့နေ့ကအတိုင်း တစ်ထေရာထဲတူနေတာမို့လို့ ထိုနေ့ကအကြောင်းအရာတွေက ခေါင်းထဲကိုပြန်လည်ဝင်ရောက်လာပြန်သည်။"မထိခိုက်ပါစေနဲ့လို့ပြောထားတယ်မလား
ဘာလို့စကားနားမထောင်ရတာလဲ"ဂျောင်းဝန်းကိုခုံတန်းပေါ်ထိုင်စေရင်းမှ မင်းသားငယ်ကဆူသည်။ ဂျောင်းဝန်းရဲ့နှုတ်ခမ်းတို့က အနည်းငယ်ဆူထွက်သွားရသည်။
"ကျွန်တော်လဲမတတ်နိုင်ဘူးလေ
သူ့ဘာသူဖြစ်သွားတာကို အရှင့်သားကလဲ"
YOU ARE READING
ᴛɪʟʟ ᴛʜᴇ ᴘᴇᴀᴄʜᴇꜱ ʙʟᴏᴏᴍ-⁽ᴹᵉᵒʷᶻ⁾
FanfictionI'm your captive. Willingly... Jaywon Side ship//Sunsun Historical Romance × comedy