𝐔𝐍𝐈𝐂𝐎𝐃𝐄;
ပါရမီရှင်၏ပုလွေသံသည် ဘုရင့်နန်းဆောင်ထိဝယ် သာယာစွာ ရောက်ရှိလို့နေသည်။ မနက်ခင်းတိုင်း ကြားနေရသည့် ပုလွေသံသာကြောင့် မင်းကြီးသည် ကြည်လင်စွာ နိုးထလာကာ ပြုံးလိုက်မိသည်။ နေ့စဉ်ရက်ဆက်ဆိုသလို ကောင်းမွန်စွာ နိုးထလာရသည်ကြောင့် သူ၏စိတ်အစဉ်ဟာ ကြည်လင်လွန်းကာ သာယာလှသည်။ ပြုံးပျော်နေပုံရသည့် မင်းကြီးကြောင့် နန်းတွင်းရှိ လူတို့လည်း စိတ်ချမ်းသာမိကြသည်။
" ငါကိုယ်တော် ---အဆောင်သို့ ကြွတော်မူမယ်။ "
စကားနှင့်ညီစွာပင် မင်းကြီးသည် သွက်လက်လှသော ခြေလှမ်းတော်များနှင့် ထိုအဆောင်သို့ ကြွတော်မူလေပြီ။
" မင်းကြီး ကြွချီလာပါတယ် "
အထိန်းတော်ချွန်း၏စကားကြောင့် အိမ်ရှေ့စံက ပုလွေမှုတ်နေရာမှ ရပ်လိုက်ကာ ပြုံးလိုက်မိသည်။ သူ့ကို မြင်လေတော့ မင်းကြီးက သွားဖြူ တန်းများ ပေါ်သည်အထိ ရယ်တော်မူ၏။
" ဘယ်လိုအခြင်းအရာကြောင့်များ နံနက်ခင်း စောစောစီးစီး ကျွန်ုပ်ထံသို့ ကြွမြန်းတော်မူလာရသနည်း မင်းကြီး ? "
အိမ်ရှေ့စံ၏မေးခွန်းသည် မင်းကြီးအား ပြုံးရယ်စေပြန်သည်။ ပြန်ဖြေခြင်း မရှိလေဘဲ မင်းကြီးသည် မည်သည့်အခင်းမှ မပါသည့် နေရာတွင် ထိုင်ချလိုက်သည်။ ထိုအခြင်းအရာကြောင့် အိမ်ရှေ့စံ အပါအဝင် အထိန်းတော်နှင့် မှူးမတ်တချို့သည် မျက်လုံးပြူး၊မျက်ဆံပြူး ဖြစ်သွားရ၏။
" အို ... မသင့်လျော်ပေလိုက်တာ မင်းကြီး "
သူတို့ မည်မျှတားသော်လည်း မင်းကြီးသည် ပေကပ်ပြီးသာ ထိုင်နေသည်။ နောက်ဆုံးမှာတော့ လက်လျော့လိုက်ရသည်က သူတို့ပင်။ မင်းကြီးက တစ်ချက်ကြည့်လိုက်တော့ အထိန်းတော်များ၊ မှူးမတ်တချို့နှင့် မင်းကြီး၏ကိုယ်ရံတော်တို့သည် အလိုက်တသိနှင့်ပင် အပြင်သို့ထွက်လာကြသည်။
" အထွေအထူး ကိစ္စရယ်လို့တော့ မရှိပါဘူး။ ညီတော့်ရဲ့ပုလွေသံကြောင့် ငါကိုယ်တော် စိတ်ကြည်လင်နေတာ။ "
YOU ARE READING
One Summer's Poem