POEM - 2

1.1K 232 98
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄;

" ငါပဲ သွားလိုက်ပါ့မယ် ဂျောင်ဂု "

အစ်ကိုဆော့ဂျင်၏စကားကို နားမထောင်ဘဲ ပြင်ဆင်နေလိုက်သည်။ ထိုအမည်မသိသူ၏နာမည်က ဂင်မ်နမ်ဂျွန်းလို့ သိရပြီး ကျန်တာ ဘာမှမသိရ။ ဘာအတွက်ကြောင့် ဘုရင့်ဝတ်ရုံတော်ကို ယူခိုင်းရသနည်းဟု မေးသော်လည်း မဖြေ။ ထို့ကြောင့် ထိုသူ ပေးထားသည့် ရက်သတ္တပတ်အတွင်းမှာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်မိသည်။ ဘုရင့်ဝတ်ရုံတော်ကို ရအောင် သွားယူမည်ဟုပင်။

ဆော့ဂျင်က တားရှာပါသည်။ အမှန်ဆို ဂျောင်ဂုက လုပ်မည်မဟုတ်ပါ။ ဆော့ဂျင်အတွက်ကြောင့်ရော သူ့မိခင်အတွက်ကြောင့်ပါ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဆော့ဂျင်အနေနဲ့ သူ့အပြစ် ကြီးကြီးမားမား ရှိနေသလို ခံစားနေရတာပင်။ ဂျောင်ဂုကတော့ ဘယ်သူဘယ်ဝါ၏အပြစ်ရယ်လို့ တွေးမနေတော့ဘဲ နမ်ဂျွန်းလိုချင်နေသည့် ဘုရင့်ဝတ်ရုံတော်ကိုသာ ခိုးယူပေးလိုက်မည်ဆို အရာအားလုံး အဆင်ပြေသွားမည်ဆိုတာပဲ ခေါင်းထဲရှိတော့သည်။ ပြောသာပြောရသည်၊ ဘုရင့်ဝတ်ရုံတော်အား ခိုးယူဖို့ဆိုတာ ကျေကျေနပ်နပ်ကြီးဖြင့် ကိုယ့်လည်စင်းပေးနေရသလိုပါပဲ။ အသက်နှင့် ရင်းရပေမယ့်လည်း မလုပ်လို့မဖြစ်တာကြောင့် အကြိမ်ကြိမ် စဉ်းစားဆုံးဖြတ်ပြီး ခေါင်းညိတ်လိုက်ခြင်းပါပင်။

" ဂျောင်ဂု "

ဂျောင်ဂုကို တားနေသည့် ဆော့ဂျင်ရော၊ တားနေတာကို ဂရုမထားဘဲ ပြင်ဆင်နေသည့် ဂျောင်ဂုရော တိတ်ဆိတ်သွားပြီး အမေဖြစ်သူဆီသို့ လျှောက်သွားလိုက်သည်။

သက်သာသလို၊ မသက်သာသလို ဖြစ်နေသည့် သူမ၏လက်ကို ဂျောင်ဂုက ခပ်ဖွဖွ ဆုပ်ကိုင်၏။ သူမ၏လက်တွေသည် ဂျောင်ဂု၏လက်ပေါ်သို့ ပြန်ထပ်လိုက်ကာ ခပ်အေးအေး စကားဆိုလာသည်။

" စိတ်ပူပန်စရာတွေများ ရှိနေကြတာလား အမေ့သားတွေရယ်။ မျက်နှာလေးတွေလည်း ချောင်သွားလိုက်ကြတာ။ "

ပြောရင်း ဂျောင်ဂု၏လက်ကို အုပ်မိုးကိုင်ထားသည့် လက်နှစ်ဖက်ထဲမှ တစ်ဖက်က ဆော့ဂျင်၏လက်ဖမိုး ဖွေးဖွေးဆီသို့ ရောက်သွားပြီး ဆုပ်ကိုင်လိုက်သည်။ ဆော့ဂျင်သည် ဘဝအခြေအနေကြောင့်သာ ပင်ပန်းဆင်းရဲ ခံနေရတာ။ သူ့ရူပကာကတော့ အဆင့်အတန်းရှိသည့် သခင်လေးများနှင့် မခြားပါလေ။

One Summer's Poem Where stories live. Discover now