𝐔𝐍𝐈𝐂𝐎𝐃𝐄;
" ဒီနေ့ ဈေးရောင်းမထွက်ဘူးလား အစ်ကိုဆော့ဂျင် ? "
ယမန်နေ့များကဆို အစ်ကိုဆော့ဂျင်သည် မေးစရာတောင် မလို။ သူ ပြင်ဆင်လို့ မပြီးသေးခင် ဦးစွာပြင်ဆင်လို့ပြီးနေပြီးသား။ သူ့ထက်တောင် အလုပ်မှာ ဝီရိယရှိနေလေ၏။ ယနေ့တွင်မူတော့ ဘာမှမပြင်မဆင်ဘဲ အိမ်ရှေ့နားမှာ ငုတ်တုတ်ကလေး ထိုင်နေသည်။
" မသွားတော့ဘူး ဂျောင်ဂုရေ။ နေမကောင်းချင်သလိုဖြစ်နေလို့။ "
" ဟုတ်လား၊ အဲ့တာဆိုလည်း ဆေးလေးဘာလေး ကြိုသောက်ထားဦး။ ကျုပ်သွားပြီနော်။ "
" အင်း ... အင်း "
ထမ်းပိုးကို ထမ်းကာ ထွက်သွားပြီဖြစ်သည့် ဂျောင်ဂု၏ကျောပြင်ကိုကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။ ပထမဦးဆုံးအကြိမ် လိမ်ညာမိခြင်း။ လိမ်ညာချင်လို့ လိမ်ညာမိခြင်း မဟုတ်ပါ။ သူ့အကြောင်းကြောင့်ပင်။
သက်ပြင်းခပ်ယဲ့ယဲ့ ချကာဖြင့် ဆေးသောက်နေသည့် မိခင်ဖြစ်သူကိုလှမ်းကြည့်မိသည်။ ထိုင်နေလို့ မဖြစ်လင့်ကစား။ လှုပ်ရှားမှတော်ကာကျမည်ဟု တွေးကာ အဆင်သင့်ထုပ်ထားသည့် အထုပ်တစ်ထုပ်ကို ပိုက်ပြီး အိမ်မှထွက်လာလိုက်တော့သည်။ သူ့အား ဂျောင်ဂု မြင်လို့မဖြစ်တာကြောင့် တခြားလမ်းမှ သွားရန် တွေးလိုက်၏။ သူ့ဆုံးဖြတ်ချက်က မမှန်ပေမယ့် အနည်းဆုံးတော့ ဘယ်သူ့ကိုမှ အများကြီး မထိခိုက်လောက်ဘူးဟု မှန်းဆမိသည်။
~~~~~~~
" တကယ်မသွားတော့ဘူးလား ? "
" အင်း "
မှိုင်မှိုင်တွေတွေ ဖြစ်နေသည့် အိမ်ရှေ့စံမင်းသားအဆိုးလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေရသူကလည်း သူပါပဲ။ ဈေးသည်ကောင်လေးဆီကို မသွားဘူးဟု ခပ်ပြတ်ပြတ် ငြင်းတုန်းက ငြင်းပြီး အချစ်နာကျနေသည်မှာ သူတို့ချွန်းအင်းတိုင်းပြည်၏ အိမ်ရှေ့စံမှ ဟုတ်လေစ။
" အိမ်းးး ခက်လိုက်ပေတာ "
အထိန်းတော်ချွန်းသည် ငြီးသာငြီးငြူ မိပါတော့သည်။ အရင်လို နားပူနားဆာ မလုပ်လေဘဲ သူ၏ဘေးမှ ကျုံ့ကျုံ့လေး ထိုင်နေသည့် အထိန်းတော်ချွန်းကို မျက်နှာကလေး ရှုံ့မဲ့ရင်း မျက်လုံးဝေ့ကာ ကြည့်မိသည်။
YOU ARE READING
One Summer's Poem