ONE - 8

1.3K 201 117
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄;

" ကဗျာဆရာတွေတောင် ငိုနေတော့မှာပဲ။  "

အရှေ့တည့်တည့်မှာ ဝင်ထိုင်ပြီး ခပ်နောက်နောက် ပြောလာသည့်သူကို ပြုံးပြကာ ရေးလက်စ ကဗျာကို ဆက်မရေးတော့ဘဲ ရပ်ထားလိုက်သည်။

ချွန်းအင်းတိုင်းပြည်၏အရှင်သခင်ဖြစ်သော ဘုရင်ဂျွန်ဒယ်ဂျော။ တစ်ချိန်တုန်းကတော့ ဂျွန်ဂျောင်ဂုဟု အမည်ရခဲ့သော သာမန်အရပ်သားတစ်ယောက်ဖြစ်ခဲ့သည်ဆိုပါတော့။ ဘုရင်ဖြစ်လာတဲ့ တစ်နှစ်ကျော်အတွင်း ချွန်းအင်းတိုင်းပြည်က ပို၍သာယာဖွံ့ဖြိုး တိုးတက်လာသည်။ ခိုးယက်လုယူမှုတွေလည်း နည်းပါးသည်ထက် နည်းပါးလာပြီး တိုင်းသူပြည်သားတွေ၏စည်းလုံးမှုတို့သည်လည်း တခြားတိုင်းပြည်တွေ၏ ပါးစပ်ဖျားအထိပါ ပြောစမှတ်ပြုလာကြသည်။

အချိန်ကာလတစ်ခုသို့ရောက်လေတော့ ဂျောင်ဂုနှင့် အရင်မင်းကြီးတို့သည် သွေးသားရင်းပမာ ရင်းနှီးလာကြသည်။ ဂျောင်ဂုက သူ့အား နောင်တော်ဟု ခေါ်ပြီး သူကလည်း ဂျောင်ဂုကို ညီတော်ဟု ခေါ်လေသည်။

တိုင်းပြည်အရေးကိစ္စအများစုကိုလည်း ဂျောင်ဂုတစ်ယောက်တည်း ဆုံးဖြတ်စီစဉ်နိုင်ပေမယ့် သူ့အား အမြဲလိုလို တိုင်ပင်လေ့ရှိသည်။ ဘုရင်တစ်ပါးဖြစ်လာပေမယ့် ဂျောင်ဂုမှာ ထောင်လွှားမောက်မာစိတ်ဟာ အလျှင်း(မရှိ)ပေ။ ဤအခြင်းအရာကား သူသာမက တိုင်းသူပြည်သားတို့ သဘောအကျရဆုံးအချက်တွေက တစ်ခုလည်း ဖြစ်ပေသည်။

" စာမလာပေမယ့် ကောင်းကောင်းမွန်မွန် ရှိနေတယ်ဆိုလို့ ကျေနပ်ပါတယ်။ "

" သွားပြန်မခေါ်တော့ဘူးလား။ ထုတ်မပြောပေမယ့် သင် လာခေါ်မှာကို စောင့်နေရှာမှာပေါ့။ "

သူ့စကားကို ဂျောင်ဂုက ခေါင်းခါပြသည်။ မခေါ်ချင်ဘဲ နေပါ့မလား။ ခေါ်ချင်တာပေါ့။ ထွက်သွားတဲ့အကြောင်းအရင်းကိုလည်း မသိရသလို၊ မတွေ့ချင်လို့ ရှောင်ပြေးနေသူအား သူဘယ်လိုအင်အားမျိုးနဲ့ ပြန်ခေါ်ရပါ့မလဲ။

" ကျွန်ုပ် ဂျီမင့်ကိုချစ်တယ်။ "

" ဒီစကားက ကျွန်ုပ်ကိုပြောရမှာမဟုတ်လား။ ညီတော့်ကို သွားပြောပြရမှာ။ ဘယ်မှာရှိနေသလဲဆိုတာကိုလည်း သိရဲ့သားနဲ့ ဘာကြောင့် လိုက်မသွားတာလဲ။ "

One Summer's Poem Where stories live. Discover now