𝐔𝐍𝐈𝐂𝐎𝐃𝐄;
" ဘာတဲ့လဲ "
သိချင်ဇောဖြင့် အထိန်းတော်ချွန်း ဝင်လာသည်ကို တွေ့တာနှင့် ကမန်းကတန်း ထ,ကာ မေးလိုက်တော့ အထိန်းတော်ချွန်းက ခေါင်းရမ်းပြ၏။ သူသက်ပြင်းချလိုက်တော့ အထိန်းတော်ချွန်းကပါ ဘာမဆိုင်ညာမဆိုင် သက်ပြင်းလိုက်ချသည်။
" အိမ်ရှေ့စံလေး သွားပြောကြည့်ပါလား "
" ဖြစ်ပါ့မလား၊ ကျွန်ုပ်ကို စိတ်ဆိုးနေတာလား မဟုတ်ဘူးလား။ သွားပြောမှ ပိုပြီး စိတ်ဆိုးသွားမှဖြင့်။ မဖြစ်ပေဘူး မဖြစ်ဘူး။ "
တစ်ယောက်တည်း ပြောနေတာလား၊ သူ့ကိုပြောတာလား မသဲကွဲသည့် အိမ်ရှေ့စံကို ကြည့်ကာ အထိန်းတော်ချွန်းသည် ခေါင်းရမ်းမိသည်။ ဂျောင်ဂုတင် ဒူတာ အ,တာ မတဟုတ်ပေ။ အိမ်ရှေ့စံသည်လည်း တုံးတာပါပဲ။ ယခုပင် ကြည့်ပါလား။ တစ်ဖက်ဂျောင်ဂုက စိတ်ကောက်နေတာကို သူ့အား စိတ်ဆိုးနေပါတယ်ဆိုပြီး သွားမချော့ဘဲ ကြားထဲက မိမိကိုပဲ အတင်း သွားချော့ခိုင်းနေတာ။ အော်မခံရတာပဲ ကျေးဇူးတင်ရမည်။
အခုထိ ထိုင်မရ၊ထမရ ဖြစ်နေသော အိမ်ရှေ့စံကို ကြည့်ကာ သူ့ဘက်ကပဲ ပြောရတော့သည်။
" အိမ်ရှေ့စံလေး "
" ဟင် "
" ဂျောင်ဂု နေ့လယ်စာ လာမစားတာက စိတ်ဆိုးနေလို့ မဟုတ်ဘူး။ "
" အဲ့တာဆို ဘာလို့လဲ ? "
တွေ့လား၊ ပြောတာ မိမိအလွန် မဟုတ်ပါ။
" စိတ်ကောက်နေတာပါ၊ စိတ်ကောက်နေတာ။ အိမ်ရှေ့စံလေးက မင်းကြီးဆီသွားပြီး ဂျောင်ဂုကို သူ့အိမ်သူ ပြန်လွှတ်ပေးဖို့ လျှောက်တင်လိုက်တယ်လေ။ ပြီးတော့ သူနဲ့လည်း လက်မဆက်ဘူးလို့ ပြောလိုက်သေးတယ်မလား။ "
ပြောလိုက်တော့ မျက်လုံး ပေကလပ်၊ပေကလပ်ဖြင့် ခေါင်းညိတ်ပြလာသည်။ ခက်သည် !
" အင်းလေ၊ အဲ့တာကြောင့် ကောက်နေတာ "
" ဟမ် ? ဘာဆိုင်လို့လဲ။ အမှန်ဆို သူလည်း လက်မဆက်ချင်တာပဲကို။ သူ့အတွက် ပြောလည်းပြောပေးရသေးတယ်။ "
လုပ်ပြန်ပြီ၊ သူ့ကို ပြောနေတာလား။ တစ်ယောက်တည်း ပွစိပွစိ ရေရွတ်နေပြန်တာလား မသဲကွဲ။
YOU ARE READING
One Summer's Poem