[Unicode]
(ဖွင့်ဟဝန်ခံခြင်း သို့ လုယူခဲ့သောအနမ်းတစ်ပွင့်)ရှေးရီရှူနိုးလာသောအခါ သူသည်အေးစက်သော ခေါင်မိုးပေါ်တွင် မဟုတ်ဘဲ နွေးထွေးသောကုတင်ပေါ်တွင် အိပ်စက်နေကြောင်း သိရှိလိုက်ရသည် ။ မျက်လုံးများ မကြည်လင်သေးသော်လည်း ခန်းဆီးမှ တိုးဝင်လာသော အလင်းရောင်အရ နေ့လည်ခင်းပင် ရှိလောက်ချေပြီ ။ သက်ပြင်းသာအသာချမိ၏ ။ သူ၏ အရက်ခံနိုင်ရည်က အမြဲကိုဆိုးရွားနေသည်ပဲ ။
အတော်အတန်ကြာ ငူငူငိုင်ငိုင်ထိုင်နေရာမှ သူ့မျက်စိရှေ့တွင် ငွေမှင်ရောင်လိပ်ပြာလေးတစ်ကောင် ဒေါသထွက်နေသကဲ့သို့ တဖျတ်ဖျတ်ပျံသန်းနေသည်အား တွေ့လိုက်ရသည် ။ ရှေးရီရှူ၏ မကြည်လင်သေးသော ခေါင်းမှာ ပို၍ပင်ကိုက်ခဲသွားရသည် ။ နေခဲ့ပါဟု ပြောထားပါလျက် ဟွေ့ယင်က အဘယ်ကြောင့်လိုက်လာခဲ့ရသနည်း ။ စကားပြောမည်အပြု တံခါးခေါက်သံ ဖွဖွထွက်ပေါ်လာခဲ့သည် ။
"ရှေးရီနိုးနေပြီလား ။ ကိုယ်ဝင်လာခဲ့မယ်နော် ။"
"ဝင်ခဲ့ပါအရှင့်သား ။"ဝမ်ရွှီးချန်သည် လက်ထဲတွင် ဆန်ပြုတ်ပန်းကန်လုံးနှင့် ဟင်းရည်ထည့်ထားတာသောဗန်းတစ်ဗန်းအားမပြီး ဝင်လာခဲ့သည် ။
"နိုးနေပြီဆိုလို့ တော်သေးတာပေါ့ ။ ဘာမှမစားရသေးဘဲ နေ့လည်ထိအိပ်နေတာ နေမကောင်းဖြစ်မှာစိုးလို့ ကိုယ်ကအခုပဲလာနှိုးတော့မလို့ "
ရှေးရီရှူအသာပြုံးပြ၍ ကိုယ်လက်သန့်စင်ပြီး ဆန်ပြုတ်ပန်းကန်ထဲသာ ခေါင်းစိုက်နေလိုက်သည် ။ သူအနည်းငယ် ရှက်ရွံ့နေမိခြင်းဖြစ်ပါသည် ။ သေရည်အနည်းငယ်သောက်ပြီး ခေါင်မိုးပေါ်ခွေအိပ်သွားသောသူ့အား ဝမ်ရွှီးချန်မှ ချီမ၍ အခန်းထဲထိ ပြန်ပို့ပေးခဲ့ရကြောင်း စုံစုံလင်လင်သတိရလာချိန်၌ ထိုသူနှင့် မျက်လုံးချင်းပင် မဆုံရဲတော့ပါ ။
ဝမ်ရွှီးချန် သူ့ရှေ့တွင် နားရွက်ဖျားများ နီရဲ၍ ဆန်ပြုတ်ပန်းကန်အား ဇွန်းဖြင့်မွှေနေသောရှေးရီရှူအား ကြည့်၍ အသာလေးခိုးရယ်မိသည် ။ အသံတော့ မထွက်ရဲ ။ ပိုပြီးရှက်သွားမှဖြင့် ဒုက္ခဖြစ်နေပါမည် ။ ရှေးရီရှူသည် အစာစားချိန်တွင် အမှန်တကယ်ပင် အကောင်ပေါက်ကလေးများနှင့် တူလှသည် ။ တို့ထိတို့ထိဖြင့် ဖြည်းဖြည်းချင်းစားတတ်ပြီး မည်သည့်အခါမှ ဟုတ်တိပတ်တိစားတယ်ဟူ၍ မရှိ ။ အစားအစာအား တူဖြင့် ၊ ဇွန်းဖြင့် ဆော့ကစားရင်း အတွေးကမ္ဘာထဲမြောနေတတ်သည် ။
VOCÊ ESTÁ LENDO
Strangest One That I've Never Seen Before
Ficção Histórica{Both of unicode and zawgyi are available.} Unicode "အကုန်လုံးကို ပစ်ချထားခဲ့ပြီး ကိုယ်နဲ့အတူထွက်မပြေးချင်ဘူးလား ။" "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ ဒီတာဝန်ဝတ္တရားတွေက ကျွန်တော်တို့မွေးဖွားမလာခင်ကတည်းက ပုခုံးပေါ်မှာ တင်နေခဲ့ပြီးသားပဲ ။ အရှင့်သားကရော အဲလိ...