Unicode
(နတ်ဘုရားကဲ့သို့ နတ်ဆိုးစစ်နတ်ဘုရား)
ဧကရာဇ်ပြည်ထောင်စုကို တိုင်းပြည် ၁၀ ခုဖြင့် ဖွဲ့စည်းထားသည်။
[1] ဟွမ်ဒိတိုင်းပြည် (Huáng Dì - ဧကရာဇ်တိုင်းပြည်)
[2] လျန်ဟွားတိုင်းပြည် (Lián Huā - ကြာပန်းတိုင်းပြည်)
[3] ဟိုင်တိုင်းပြည် (Hăi - ပင်လယ်တိုင်းပြည်)
[4] ဟွာတိုင်းပြည် (Huā - ပန်းတိုင်းပြည်)
[5] ပေါင်ကျန့်တိုင်းပြည် (Băo Zàng - ရတနာပြည်တိုင်းပြည်)
[6] လုချည်တိုင်းပြည် (Lè Qù - ပျော်ရွှင်မှုတိုင်းပြည်)
[7] ဟယ်ပင်းတိုင်းပြည် (Hè Pìng - သာယာမှုတိုင်းပြည်)
[8] စေ့ချောင်တိုင်းပြည် (Sī Chóu - ပိုးထည်တိုင်းပြည်)
[9] ရှူတိုင်းပြည် (Shū - သစ်တောတိုင်းပြည်)
[10] ရှေးရိတိုင်းပြည်ဟူ၍ -
ရှေးရိပြည်မှလွဲ ကျန်တိုင်းပြည် ၇ ခုလုံးသည် ဧကရာဇ်ပြည်၏ လက်အောက်ခံပြည်နယ်များ ဖြစ်ကြသည်။ ဧကရာဇ်ပြည်ကို စမှတ်အဖြစ်ယူ၍ အစဥ်လိုက်ရေးပေးထားသော ရှစ်ပြည်ထောင်ကို နယ်နိမိတ်မျဥ်းဆွဲလျှင် အင်္ဂလိပ်အက္ခရာ (U) သဏ္ဍာန်ရှိ၏။ ရှေးရိပြည်ကတော့ ဧကရာဇ်ပြည်၏ အနောက်မြောက်စွန်းစွန်းတွင် ရှိ၍ လျှို့ဝှက်သီးသန့်ဆန်သော မှော်တိုင်းပြည်ဖြစ်သည်။
ကိုးပြည်ထောင်မှ တိုင်းရေး၊ပြည်ရေးများကို ရှေးရိပြည်ကဝင်ရောက်စွက်ဖက်ခြင်း မရှိသလို ရှေးရိပြည်၏ တိုင်းရေး၊ပြည်ရာများကလည်း ရှေးရိပြည်အပြင်ဘက်သို့ သဲ့သဲ့မျှတောင် ထွက်မလာ။ ရှေးရိပြည်သည် သီးခြားမျိုးနွယ်တစ်ခုအဖြစ် ခွဲထွက်တည်ရှိသည်။ ယုတ်စွအဆုံး ရှေးရိပြည်သူ၊သား မဟုတ်လျှင် ရှေးရိပြည်၏မြို့ရိုးတံတိုင်းကို ကျော်၍ အတွင်းသို့ဝင်ဖို့ပင် မဖြစ်နိုင်။ မှော်အစီအရင် အထပ်ထပ်ဖြင့် အရံအတားချ၍ ကာဆီးထားသည်။
ဧကရာဇ်ဝမ်ချန်သာ့နှင့် ရှေးရိပြည်၏အရှင်သာ စာသဝန်လွှာဖြင့် အဆက်အသွယ်ရှိသည်။ မည်သို့ပင်ဖြစ်စေ ရှေးရိပြည်သည် စစ်ဗျူဟာ၊အတွင်းအား မည်သည့်အရာဖြင့်မှ လက်လွတ်စပယ် သွားထိဖို့ မသင့်သော မှော်တိုင်းပြည်ဖြစ်သည့်အပြင် သီးသန့်ဆန်သော်လည်း ငြိမ်းချမ်းအေးဆေးသော သဘောထားရှိ၍ ယခုဧကရာဇ်ကလည်း သိမ်းပိုက်ရန် စိတ်ကူးမရှိ။ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီကတည်းက သုံးခဲ့သော စာဖြင့်ဆက်သွယ်သည့် နည်းကို သုံး၍ ငြိမ်းချမ်းရေးကိုသာ ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

YOU ARE READING
Strangest One That I've Never Seen Before
Historical Fiction{Both of unicode and zawgyi are available.} Unicode "အကုန်လုံးကို ပစ်ချထားခဲ့ပြီး ကိုယ်နဲ့အတူထွက်မပြေးချင်ဘူးလား ။" "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ။ ဒီတာဝန်ဝတ္တရားတွေက ကျွန်တော်တို့မွေးဖွားမလာခင်ကတည်းက ပုခုံးပေါ်မှာ တင်နေခဲ့ပြီးသားပဲ ။ အရှင့်သားကရော အဲလိ...