8
150 16 1
{အောက်မှာ Zawgyi ပါပါတယ်}
Unicode
သူတို့တွေ စကားခဏမျှ ​ပြောပြီးနောက် ​ထမင်းလက်စုံစားကြရင်း စကားတပြောပြောပင်။ ထမင်းစားစဥ် စကားပြောတာမကြိုက်သော ​YiBo တစ်ယောက်တော့ ရွှေစိတ်တော်ကို တော်တော်လေး ချိုးနိုမ်ထားရသည်။
"ညီလေး Yibo, စားလို့ကောင်းရဲ့လား?"
XaioZhan က YiBo ထံ မေးလာသည်။
"အင်း...မဆိုးပါဘူး"
"ဘယ်ဆိုးမလဲ ဒါက ဒီတာ့ကော ​ချက်ထားတာကို...ဟင်းချက်တဲ့နေရာမှာဆို ဒီတာ့ကောက Top 1 ဘဲ"
XaioZhan ဟာ လက်မနဲ့ လက်ညိုးကို အမှန်ခြစ်ပုံစံလို လုပ်ပြီး မေးကို ထိကာ မျက်စိတစ်ဖက်မှိတ်ပြရင် ​ဆိုလိုက်သည်။
"....."
"အာ....ဒါတွေ အကုန်လုံး အကိုတစ်ယောက်ထဲ ချက်တာလား...တော်လိုက်တာဗျာ"
HaiKuan က တစ်အံ့တစ်သြဖြင့် ထပ်ပေါင်းပြောလာသည်။
"ဒီတာ့ကော တော်တယ်ဟုတ်"
XaioZhan က မျက်စိတစ်ဖက် ထပ်မှိတ်ကာ မြောက်သော လေသံဖြင့် ​HaiKuan အား ပြောလိုက်သည်။ YiBo က XaioZhan ရဲ့ အမူအယာကို သတိမမူမိပါဘဲ လိုက်ကြည့်မိသည်။
"ZhuoCheng ရော ချက်တတ်လား?"
HaiKuan က ​ZhuoCheng ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး XaioZhan ထဲ မေးလိုက်သည်။
"အင်း တစ်ခါတစ်လေပေါ့"
"ဝါး....နောက်တစ်ခါ ​ညီလေး ZhouCheng ​ရဲ့ လက်ရာစားချင်လိုက်တာ"
"​ကျွန်တော် မအားဘူး"
ZhouCheng က ​ဟင်းတစ်ခွက်မှ ဟင်းကို ယူလိုက်ရင်း ရုပ်တည်ပြီး ပြောလိုက်သည်။
"​ဒါအတွက် စိတ်မပူနဲ့ ဒီတာ့ကောက စိတ်ရှည်ရှည်နဲ့ စောင့်ပေးမယ်"
"....."
ZhouCheng တစ်ယောက် ​စိတ်ထဲကနေ "ဒီလူဘာဖြသ်နေတာလဲ?" ဟု တွေးရင်း လျစ်လျှူရှုလိုက်သည်။
ညစာစားပြီးနောက် စကားအနည်းငယ်ပြောပြီးနောက် ပြန်သွားကြသည်။ HaiKuan ကတော့ ZhouCheng ဟင်းချက်တဲ့အခု သူ့ကို ခေါ်ဖို့ မမေ့ဖို့၊ ပွဲရှိရင်လည်း ခေါ်ဖို့ မမေ့ဖို့ အကြိမ်ကြိမ်မှာပြီးနောက် ​XaioZhan ဆီကနေ ZhouCheng ရဲ့ ဖုန်းနံပါတ်ကို ယူသွားလေးသည်။