10 (2)🔞
237 6 2
Unicode
Wang YiBo က XiaoZhan ပေးထားတဲ့ ည၀တ်အင်ကျီလေးကို ၀တ်ထားပြီး ‌ဆိုဗာနောက်မှီကို မှီကာထိုင်နေရင်း TV ကြည့်နေသည်။ XiaoZhan ကတော့ အစာပြေအတွက် မီးဖိုချောင်မှာ ပြင်ဆင်နေသည်။
အစာပြေမုန့်နဲ့ coffee ပူပူနွေးနွေးလေး နှစ်ခွက်ကို သယ်တောင်လာသည်။ စားပွဲပေါ်တင်လိုက်ပြီးနောက် ‌Wang YiBo ရဲ့ ပေါင်ပေါ် ခေါင်းလေးတင်လှဲကာ နူးညံ့တဲ့အပြုံးလေးနဲ့ Wang YiBo ကို ကြည့်လိုက်သည်။
Wang YiBo ကလည်း ပြန်ကြည့်လာပြီး XiaoZhan ရဲ့ ပွယောင်ယောင်ဖြစ်နေတဲ့ ဆံပင်လေးကို ထိုးဖွကာ မသိ့မသာကစားနေလေသည်။ ဆံပင်သားလေးက ကိုင်လို့ကောင်းလိုက်တာ။
"လောင်ဝမ်၊ မင်း ခရီးထွက်ရတာကြိုက်လား?"
XiaoZhan မှ စကားစလာသည်။
"အွန်းးးး အရမ်အကြိုက်ကြီးရယ်လည်းမဟုတ်...ဘာလို့လဲ?"
XiaoZhan က ဆက်ခနဲထလိုက်ပြီး မျက်လုံး၀ိုင်း၀ိုင်း ‌ယုန်သွားလေးနဲ့အတူ အပျော်တကြီးပြောလာသည်။
"ငါတို့ ခရီးထွက်ကြရင် ဘယ်လိုလဲ?"
"နှစ် ယောက် ထဲ"
XiaoZhan က Wang Yibo အနားသို့ ကပ်လာပြီး တိုးတိုးလေးဖြင့် တစ်လုံးချင်းစီပြောလိုက်လာတဲ့အခါ Wang YiBo တစ်ယောက် မျက်နှာကြီး ရဲတက်လာကာ မလိုက်လျောရက်ဘဲဖြစ်လာသည်။
5 ရက်‌ကြာပြီးတဲ့နောက်တော့ သူတို့နှစ်ယောက်သား ကမ်းခြေတစ်နေရာသို့ သွားခဲ့ကြသည်။
"YiBo! ဒီကို မြန်မြန်လာ"
XiaoZhan က နောက်မှ ဖြေးဖြေးချင်းလျှောက်နေတဲ့ Wang Yibo ကို လှမ်းအော်လိုက်သည်။
"အွန်း ဖြေးဖြေးသွားအုန်း ချော်လဲအုန်းမယ်"
Wang YiBo အနားရောက်လာတဲ့ အချိန်မှာတော့ XiaoZhan ကမ်းစပ်က ရေအနည်းငယ်ကို လက်ခုပ်ထဲထည့်ပြီး လှမ်းပတ်လိုက်သည်။ Wang YiBo က သူ့ကိုယ်ပေါ် စိုသွားတဲ့ ရေတွေကို လက်ကားယားဖြင့် စိတ်ပျက်စွာ ကြည့်ပြီးနောက် မျက်လုံးအပြူးသားနဲ့အတူ XiaoZhan ကို ကြည့်လာသည်။
"လမ်း‌လျှောက်တာ ကြာလို့ အပြစ်ပေးတာ"
"...."