Unicode
မနက် အိပ်ယာမှ နိုးလာတာနဲ့ XiaoZhan အိပ်သည့် ဘေးကနေရာကို YiBo မျက်လုံးမဖွင့်ဘဲ လက်နှင့် အသာအယာလေး လှမ်းစမ်းလိုက်သည်။ အရင်က သူ့တွင် ဒီလိုအကျင့်မျိုးမရှိပါ။ သိ့ကြတဲ့အတိုင်း YiBo က အမျိုးကောင်းသားလေး ကိုရိုးလေး ရေခဲတုံးဖြစ်သောကြောင့်ပင်။
YiBo သူ၏ ဘေးနေရာ လစ်ဟာနေတာကို သတိထားမိလိုက်သည်။ အိပ်ချင်းမူးတူးဖြစ်၍ဘဲလားမသိ့ ခဏမျှ ငေးနေပြီး ပြုံးလိုက်သည်။ တကယ့်ကို နှစ်လိုဖွယ် ၅ နှစ်သားလေး ပြုံးလိုက်သလိုပင်။ အလွန်ကို ချစ်ဖို့ကောင်းလွန်းသည်။
ယောကျာ်းလေးဖြစ်သည့်အလျောက် ဆံပင်လည်းမဖီးဘဲ အိပ်ရာမှ ဆံပင်စုတ်ဖွာအတိုင်း ထွက်လာပြီး ဧည့်ခန်းမှာ သူ့အား ကျောပေးရပ်၍ ပြတင်းပေါက်အပြင်မှ ရှုခင်းကိုကြည့်ရင်း ဖုန်းပြောနေသည့် XiaoZhan ကို တွေလိုက်ရသည်။ သူ ထပ်မပြုံး၍ မနေနိုင်သောကြောင့် နားရွက်တပ်ချိတ်မတက်ပြုံးလိုက်မိပြီး XiaoZhan ကျောပြင်အား နူးနူးညံ့ညံ့ အကြည့်တစ်ချက်ပို့လိုက်သည်။ တစ်ဖက်က XiaoZhan သတိထားမိသည်လားမသိ့ နောက်သို့ လှည့်ကြည့်လာပြီး ဖုန်းကို အပြီးထိပင် မပြောဘဲ ချလိုက်သည်။ ထိုလုပ်ရပ်ကြောင့် YiBo အနည်းငယ် ကြောင်အံ့သွားရသည်။ သို့သော် သူမမေးလိုက်ပါ။ မှော်ဆရာတစ်ဦးက မှေယ်မယုံတဲ့သူတစ်ယောက်နဲ့ အတူနေပြီး မှော်အကြောင်းပြောတာဆို ရယ်စရာဖြစ်နေမှာဘဲလို့ သူက ဟာသအဖြစ် တွေးပြီး တစ်ချက်ပြုံးလိုက်ရင်း ခေါင်းခါလိုက်ပြီးနောက် ရေတစ်ငုံသောက်လိုက်သည်။
XiaoZhan က ထိုအပြုအမူကို မြင်လိုက်သည်မို့ ဖန်မိဖိုးချောင်စားပွဲအပေါ် လက်ပိုက်တင်ပြီးနောက် အပြုံးလေးအတူ မေးလာသည်။
"ဘာတွေ သဘောကျပြီး ခေါင်းတွေ ခါနေရတာလဲ"
"ကောက ဘာလို့ ထင်လဲ ဟင်?"
YiBo က ဖန်မီဖိုးချောင်သုံး စားပွဲအား လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီးနောက် အရှေ့သို့ ကိုင်းချလာကာ XiaoZhan ရဲ့ မေးစေ့ကို ဖိကာ မော့စေလိုက်ပြီး ညို့အင်အားပြင်းသော အရှိန်အဝါနှင့်အတူ အသံကိုလည်း တိုးတိုးလေးဖြင့် ပြောလိုက်သည်မှာ မူလအသံကို ပို၍ဩစေသည်။ အခုမှ YiBo ကလည်း နိုးနိုးချင်းဖြစ်သည်မို့ အသံက ပိုဩနေသည်ကြောင့် XiaoZhan တစ်ကိုယ်လုံး ကြက်သီးတွေ ထပြီး တောက်လောင်လာသည်။ ထို့အပြင် YiBo က နှုတ်ခမ်းနှင့် ထိကပ်လုမတက်ရှိနေပြီး တစ်ယောက် ရှုထုတ်လိုက်သည့် အပူငွေ့များကိုပင် ခံစားနိုင်သည်။ သူ့ရဲ့ နှုတ်ခမ်းကိုလည်း ကြည့်လိုက် သူ့မျက်လူံကိုလည်း ကြည့်လိုက်နှင့် ဖြစ်နေပုံကလည်း အသဲယားလာစေည်။ သူသည်းမခံနိုင်တော့ပေ။ ယခု ရမ်းမိုက် ရမ်းလန်းတဲ့ ဘောဒီတောင့်တဲ့ ကောင်ချောလေးက အပေါ်ပိုင်း အဝတ်စလစ်နဲ့ သူ့ကို ဒီလို မြူဆွယ်သယောင် ပြုနေစည်မှာ သူရုန်းထွက်မရပေ။ တစ်ဖက်လူကလည်း သူ၏ အကြံကို သိ့နေသသည်နှဲ့ နှစ်ယောက်သား မနက်တစ်ချိန် မြင်းလေး တစ်ကလုတ်စီးတိုင်း ဆော့ဖြစ်လိုက်ကြသည်။
YOU ARE READING
Fanfiction#drama #romance #fanfic