Unicode
Wang YiBo သည် TV ကို ပိတ်လိုက်ပြီးနောက် ဆိုဖာရှေ့ ထိုင်ချလိုက်သည်။ သူသည် အလုပ်မရှိလျှင် မနေတတ်သောသူဖြစ်သည်။ ငယ်ရွယ်ချိန်တည်းက စာဆိုလည်း စာ၊ အရွယ်ရောက်လာပြန်တော့လည်း အလုပ်မှ အလုပ်။ သူတစ်ခြား ဘာမျှ စိတ်မဝင်စားခဲ့ချေ။ အကျင့်လို ဖြစ်သွားသည့်အတွက် အတွင်းရေးမှူးကို email မှ အလုပ်လက်ကျန် တစ်ချို့အား သူလှမ်းပို့ခိုင်းလိုက်သည်။
ညလယ်ရောက်တဲ့ အချိန်ထိ သူထိုအလုပ်ထဲ နစ်ဝင်လျက်ပင်။ XiaoZhan တစ်ရေးနိုး၍ ရေထသောက်တော့မှ သူရပ်လိုက်သည်။
XiaoZhan က ရေခွက်ကို ကိုင်ထားလျက်နှင့် Wang YiBo အား မှုန်တေတေဖြင့် ကြည့်ရင်း မေးလိုက်သည်။
“မင်းမအိပ်သေးဘူးလား”
“အင်း အလုပ်နည်းနည်းလုပ်နေတာ”
Wang YiBo က လပ်တော့ကို ပိတ်ပြီးနောက် XiaoZhan လက်ကို ဆွဲယူလိုက်ကာ ကိုင်ထားတဲ့ ရေခွက်ထဲမှ ရေကို တစ်ငုံမျှသောက်လိုက်သည်။
“ဟေ့ကောင် မင်းဘာသာ ထည့်သောက်ပါလား..ဘာလို့ ငါ့လက်တောင်ကိုင်ပြီး သောက်ရတာလဲ”
ရှောင်းကျန့်က Wang YiBo ကို ဟောက်လိုက်သည်။ Wang YiBo က XiaoZhan ကို အုပ်မိုးလိုက်ပြီး စားပွဲပေါ်လက်နှစ်ဖက်ပါ ထောက်ထားလိုက်သည့်အခါ XiaoZhan အား ခြင်္သေ့မှ ပြေးပေါက်မရှိတော့အောင် ချောင်ပိတ်ခံလိုက်ရသော ယုန်ကလေးကဲ့သို့ ဖြစ်သွားသည်။
XiaoZhan က ရေခွက်ကို နောက်ပြန်ချလိုက်ပြီး Wang YiBo လည်၌ လက်များကို ရစ်ပတ်လိုက်သည်။ အချင်းချင်း လေထဲ အချစ်လေဆာများပစ်ပြီးနောက် Wang YiBo က XiaoZhan နား နားကပ်ပြောသည်။
“ကျွန်တော်က ကောကို အသားယူချင်လို့ ဆိုရင်ရော…”
XiaoZhan ကလည်း Wang YiBo နား နားကပ်ကာ ပြန်ပြောသည်။“မင်းအရမ်းတွေ တက်ကြွလွန်းနေတယ် မထင်ဘူးလား”
Wang YiBo က XiaoZhan ၏ ဂုတ်ကို အနည်းငယ်မျှ နမ်းရှိုက်သည်။ ထို့နောက် ဖွဖွလေးရယ်ကာ ထောက်ထားသည့် လက်များကို ရုတ်လိုက်ပြီး လက်ကို မြှောက်ရင်း ပြန်ဖြေသည်။
“အရင် အရသာမြည်းခိုင်းတာ ကောပဲ မဟုတ်ဘူးလား…”
Wang YiBo က သက်ပြင်းချပြီးနောက် ဆက်ပြောသည်။
YOU ARE READING
Fanfiction#drama #romance #fanfic