Unicode
coffee ဆိုင် သီးသန့်ခန်းထဲမှာ ချွေးထုတ်ခန်းအဖြစ် ပြောင်းပြီးနောက် Wang Yibo က XiaoZhan ကို ကားဖြင့် အိမ်အရောက် ပြန်လိုက်ပို့ပေးလိုက်သည်။
"နောက်နေ့တွေ့မယ် လောင်၀မ်"
XiaoZhan ကအပြုံးလေးဖြင့် ဆိုလာပြီး Wang Yibo ပါးကို နမ်းလိုက်သည်။
Wang Yibo ကြောင်အသွားရသည်။ နှလုံးသားကတော့ တော်တော့်ကို ခုန်ပေါက်နေလျက်။
XiaoZhan က ကားပေါ်က ဆင်းပြီး အိမ်လှေကားပေါက်၀၌ ရပ်လိုက်ပြီး နောက်ကို ပြန်လှည့်ကြည့်ကာမက်မွန်သီးပုံ မျက်လုံးလေးများ ကွေးညွှန့်သွားသည်အထိ ပြုံးပြပြီး Wang Yibo ကို တာ့တာ လှမ်းပြနေသည်။
Wang Yibo အပြန်လမ်းတစ်လျှောက် XiaoZhan နမ်းခဲ့သည့် ညာဘက်ပါးကို ခဏခဏ ကိုင်ပြီး ပြုံးဖြီးနေလေသည်။ အပြန်လမ်းတစ်လျှောက်ဘဲ မဟုတ် အိပ်မပျော်ခင်ထိ XiaoZhan နဲ့ ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးပြီး ပြုံးပြီးရင်း ပြုံးနေသည်မှာ အရူးတစ်ယောက်လိုပင်။
ဒီလိုနဲ့ မနက်မိုးလင်းလာပြီး နေ့စဥ်လုပ်နေကြအတိုင်း Wang Yibo တို့ စတင်လုပ်ဆောင်တော့သည်။
တင်း တင်း!
Wang Yibo ဖုန်း Massage ၀င်သံမြည်လာသည်။
Wang Yibo ဖွင့်ကြည့်လိုက်ချိန် XiaoZhan မှ 'ဝေ့ လောင်၀မ် အားလား' ဆိုပြီး စာတစ်စောင်နဲ့ ယုန် sticker ဖြင့် တွဲဖက်ပို့တာဖြစ်ကြောင်း သိ့လိုက်ရသည်။
Wang Yibo စာပြန်ရိုက်လိုက်သည်။
'ဘာလုပ်ဖို့လဲ?'
စာက ချက်ချင်း seen ပြသွားပြီး စာတစ်စောင် အမြန်ရောက်လာသည်။
'ငါအိမ်မှာတစ်ယောက်ထဲ ပျင်းလို့ ငါနဲ့ အဖော်လုပ်ပေးမလား?'
'တစ်ခြားလူတွေက ဘယ်သွားလို့လဲ'
'သူတို့က အလုပ်အတွက် ခရီးခဏသွားတာ ကျစ်! ငါ့ကို မပြောဘူးသိ့လား မနက် ငါနိုးတော့ သူတို့မတွေ့ဘူး ဖုန်းဆက်လိုက်တော့ ဘာပြန်ပြောတယ် မှတ်လဲ? မင်းလိုက်ရင် နားငြီးတယ်တဲ့ မင်းကို လိုက်ထိန်းမနေနိုင်ဘူးတဲ့! ဟ့'
XiaoZhan ပို့ထားသည့် စာများကို ဖတ်ရင်း Wang Yibo မပြုံးဘဲ မနေနိုင် ဖြစ်လာတော့သည်။
YOU ARE READING
Fanfiction#drama #romance #fanfic