Zawgyi၃နှစ်ကြာပြီးတဲ့နောက်မှာတော့ SA Entertainment မှာ ယောက်ျားလေး၃ယောက်နဲ့ဖွဲ့စည်းထားတဲ့ Ruddy boy groupမှာ ဂယောင်ဆူး၊ ရှောင်လုနဲ့ Raneလို့ခေါ်တဲ့ ထိုင်းကောင်လေးတို့အတူတူ Debutခဲ့ကြတယ်
Training ကာလထဲက ၃ယောက်ကတစ်ပူးပူးတစ်တွဲတွဲမို့ အခုဆိုအချစ်ဆုံးBFFတွေတောင်ဖြစ်နေကြပြီလေအခုတော့ Comebackအတွက် practice roomထဲမယ် ၃ယောက်သားအပြင်းအထန်လေ့ကျင်နေကြတယ်
"ဒေါက် ဒေါက် Deliလာပို့ပါတယ်ခင်ဗျာ"
မောမောနဲ့နားနေတုန်း တံခါးခေါက်သံကြောင့်ဂယောင်ဆူးပြေးသွားလိုက်တယ်
"အယ် ကျွန်တော်တို့ မမှာထားဘူးခင်ဗျ"
"အဲ့ဒါတော့မသိဘူးအကို ကျွန်တောတို့ဆိုင်ကို ဖုန်းဆက်ပြီးလှမ်းမှာလို့ လာပို့ပေးတာပါ လိပ်စာလည်း မမှားပါဘူးခင်ဗျ ဟာ မေ့နေတာnoteပါတယ်လို့ပြောတာပဲအကိုရဲ့"
"ဪ ဪ ကျေးဇူးပဲနော် ညီလေး"
"ဂယောင်ဆူးရား ဘာတွေလဲ?"
"ကြက်ကြော်နဲ့ bubble tea"
"ဟာ ကြိုက်ပြီ အပြတ်ဆွဲမယ်"
ကြက်ကြော်ဖာတွေထုပ်လိုက်တော့ noteစာရွက်တစ်ရွက်က ကပ်လျက်လေးပါလာတယ်
"ကလေးနဲ့memberတွေစားဖို့ ဦးပို့လိုက်တာ comebackအတွက်လည်းအကောင်းဆုံးကြိုးစားကြပါ ပြီးတော့ ဂယောင်ဆူးလေးကိုလည်း အများကြီးဂရုစိုက်ပေးကြပါဦး Ruddy Fighting"
"ဪ ထင်သားပဲ ပို့မယ့်ပို့ ဂယောင်ဆူးလူကြီးပဲပို့မှာပါဆို"
"ကဲပါကွာ စားကြရအောင်"
သုံးယောက်သားအပီကြိတ်နေတာမို့ စကားတောင်မပြောအား
"ဟာ ဒါနဲ့MVထဲမှာ ကောင်မလေးပါတယ်မလား မင်းလူကြီးက အိုခေပါ့မလား?"
ရှောင်လုရဲ့အမေးကြောင့် ဂယောင်ဆူးလည်းအနည်းငယ်တွေသွားတယ်
"အလုပ်အတွက်ပဲ သူနားလည်မှာပါ"
"ငါတော့မထင်ဘူး ဟျောင့်!"
Raneကပါဝင်ပြောတော့ ဂယောင်ဆူးနည်းနည်းတောင်လန့်လာသလို
"နောင်ခါလာနောင်ဈေးပေါ့ကွာ ကဲကဲကဲ စားကြ စားကြ"