1.5

859 131 41
                                    

Unicode

မနက်မိုးလင်းတော့ ထုံးစံအတိုင်း ကျောင်းသွားဖို့ ပြင်ဆင်ကာ ဇာတ်လိုက်မမသိအောင် ပိုက်ဆံအနည်းငယ်နှိုက်ယူခဲ့ပြီး ကျောင်းကားစီးရန်ထွက်လာတော့သည်...

လမ်းထိပ်က ငါးပေါင်မုန့်ရောင်းတဲ့ဆိုင်လေးထဲဝင်ပြီး စားချင်လောက်ဝယ်လာကာ ကားစောင့်နေလိုက်သည်...

'ပျင်းတာကွာ လိုင်းလေးဘာလေးသုံးဦးမှ'

အိတ်ကပ်ထဲကမှန်ကွဲရာပလပွနဲ့ဖုန်းလေးကိုထုတ်လိုက်ရင်း instaထဲဝင်ကာ ဟိုကြည့်သည်ကြည့်လုပ်နေတုန်း

('ကေလး ကျောင်းသွားနေပြီလား?')

'ဇာတ်လိုက်အားယားနေလားမသိပါဘူးကွာ ငါလိုင်းတက်တာနဲ့ စာတွေလာလာပို့နေတော့တာပဲ စိတ်ရှုပ်လိုက်တာ'

[စိတ်မရှုပ်ပါနဲ့hostရဲ့ ညကတုန်းက ပင်လယ်စာခေါက်ဆွဲဝယ်ကျွေးထားတာ်မလား အလိုက်သင့်လေးပြန်ပြောလိုက်ပါ]

612ရဲ့စကားကလည်းမှန်နေတာမို့ ဟင်းကနဲသက်ပြင်းချလိုက်ရင်း စာပြန်လိုက်သည်

('ဟုတ်တယ်ဦး ကားစောင့်နေတာ')

('ဒါဆို ဦးလာကြိုပေးရမလား?')

('ရပါတယ် အလုပ်.')

'ဟာ လခွမ်း ဆုံးအောင်တောင်မရိုက်ကသေးဘူး ပို့လိုက်ပြီတဲ့လား ဒီဖုန်းကကြောင်နေတာတအားပဲ တော်ပြီကွာ မပို့တော့ဘူး'

ဘယ်လိုနှိပ်နှိပ်မရွေ့တော့တဲ့ ဖုန်းမျက်နှာပြင်! မှန်ကွဲရာတွေကြောင့် touchကြောင်သွားတာပဲနေမယ်..

'ဪ ငါလဲ စစ်စတန်ထဲရောက်မှ ငမွဲလုံးလုံးကိုဖြစ်နေပါရောလား ဟင်း'

Hostရဲ့သက်ပြင်းချသံကြောင့်612လည်းစိတ်မကောင်းပေ ပထမကမ်ဘာမို့ မစ်ရှင်တွေကလွယ်ကူနေပေမယ့် hostကဆင်းရဲနေတယ်လေ

[တောင်းပန်ပါတယ်host ကျွန်တော်အသုံးမကျတာပါ]

'ဟာ..မင်းအမှားမှမဟုတ်တာ 612ရာ အထက်ကချပေးတဲ့အတိုင်းမင်းလုပ်ရတာမလား'

[နောက်ကမ်ဘာကျရင် hostကို သူဌေးသားလေးဖြစ်အောင်လုပ်ပေးဦးမယ်ဗျာ]

'ဟားဟား အေးပါကွာ အပြောလေးနဲ့တင်ကျေနပ်နေရပါပြီ'

တစ်ဖက်ကချန်းယောလ်မှာလည်း စာကိုတစ်ဝက်တစ်ပြတ်ပို့ပြီး နောက်ထပ်ဆက်မပို့တော့သော ကလေးငယ်ကြောင့် ထိုင်မရထမရတွေဖြစ်နေသည်

SyStem612Where stories live. Discover now