1.3

849 157 31
                                    


Unicode

ကလေးငယ်တို့အိမ်ရှေ့၌ ကားကို ထိုးရပ်လိုက်၍ ပေါင်ပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသော ကလေးငယ်အား နှိုးလိုက်သည်..
ပါးဖောင်းဖောင်းလေးက သူ့ပုခုံးနဲ့ဖိနေတာမို့ နှုတ်ခမ်းနုနုလေးက စူထွက်နေလို့နေတယ်

"ကလေးငယ် ထေတာ့ အိမ်ရောက်နေပြီ"

မျက်စိထိုးနေသောဆံပင်တို့ကို ခပ်ဖွဖွသပ်တင်ပေးရင် ကျောကုန်းလေးကို ပုတ်လို့နှိုးမိတော့ အင်း အဲ အပျင်းကြောဆွဲရင်း မျက်လုံးဝိုင်းဝိုင်းတို့က အိပ်ချင်မူးတူးဖြင့်ဖွင့်လို့လာသည်...

"အာ..ဦး အိမ်ပြန်ရောက်ပြီလား သားတောင်းပန်ပါတယ် အဆီရစ်ပြီး အိပ်ပျော်သွားလို့ အဟဲ"

မျက်လုံးလေးတစ်ဖက်ကို ပွတ်လို့ အူယားဖွယ်ဖြေလာတဲ့ကလေးငယ်ကို သူအပိုင်သိမ်းထားလို့ရရင်ကောင်းပါရဲ့?

"ဦး? ဦး!!"

သူ့က်ိုကြည့်ပြီးကျောက်ရုပ်လိုဖြစ်နေတဲ့ ဇာတ်လိုက်ကြီး ကြောင့် kyungsooအသံကျယ်ကျယ်နဲ့ခေါ်လိုက်တော့မှ အသိဝင်လာလေရဲ့
အဲ!နေပါဦး အခုသူက ဦးရဲ့ပေါင်ပေါ်မှာမျက်နှာချင်းဆိုင် ခွလျက်သားကြီး!
ဒီအနေအထားကြီးက ထူးဆန်းနေသလိုပဲ!

"သား အိမ်ထဲဝင်တော့မယ်နော်"

ထိုမျှပြောပြီး ကာေးပါ်ကပြေးဆင်းဖို့လုပ်လိုက်သော်လည်း မြေကြီးနဲ့ ခြေထောက်နဲ့မထိခင်မှာပင် ဇာတ္လိုက္က သူ့ခန္ဓာကိုယ်လေးကို စွေ့ခနဲပြန်ဆွဲယူလိုက်တာမို့ ခုနကပုံစံအတိုင်းပေါင်ပေါ်သို့ပြန်ထိုင်ချမိသွားသည်...

'ဒီဇာတ်လိုက်ဘာဖြစ်ချင်နေတာလဲ တကယ်ပဲ!!'

"ဦး ဘာဖြစ်လို့လဲ?"

ချန်းယောလ်သူအတွေးလွန်နေတုန်း ကားပေါ်မှပြေးဆင်းဖို့ကြံနဲ့ကလေးလေးကြောင့် သူတောင်မသိလိုက်ပဲ ထိုကိုယ်လုံးလေးအားပြန်ဆွဲထားလိုက်မိသည်...

သူ့ပေါင်ပေါ်ကနေသူ့ကိုအုပ်မိုးကြည့်နေတဲ့မျက်လုံးဝိုင်းလေးတွေကြောင့် ချန်းယောလ်ရင်ထဲမရိုးမရွတွေဖြစ်လာတော့သည်..နှဖူးပေါ်ဝဲကျနေတဲ့ဆံသားအိအိလေးတွေကို ခပ်ဖွဖွသပ်တင်ပေးလိုက်ရင်း..

SyStem612Donde viven las historias. Descúbrelo ahora