Unicode
ဆေးခန်းကပြန်လာတော့ အိမ်ကိုလိုက်ပို့မယ်ဟုထင်ထားသော်လည်း သူ့အိမ်ခေါ်လာတဲ့ဇာတ်လိုက်ကြောင့် အံဩရပြန်သည်...
"အိမ်ထဲဝင်လာခဲ့"
ဇာတ်လိုက်ရဲ့ခေါ်သံနောက် kyungsoo ကုပ်ကုပ်လေးနဲ့အိမ်ထဲလိုက်ဝင်လာသည် လက်ထဲတွင်လည်းmarketက ဝယ်လာသောပစ္စည်းထုပ်ကြီးလည်း ကိုင်ထားလျက်~
အိမ်ကြီးရဲ့အပေါ်ထပ်သို့တက်သွားသော ဇာတ်လိုက်ကိုကြည့်ရင်း လှေကားရင်းတွင်ရပ်နေလိုက်သည်
'ငါလိုက်တက်သွားရင် မကောင်းဘူးထင်တယ်နော်?'
[ဟုတ်တယ်host တက်မသွားနဲ့ဦး တော်ကြာစိတ်တိုပြီး hostကို ကန်ချလိုက်ဦးမယ်]
'အင်း ဖြစ်နိုင်တယ် ဇာတ္လိုက္က ဇာတ်လိုက်မကလွဲရင် ဘယ်သူ့မှလူထင်တာမဟုတ်ဖူး'
"ဟိုကေလး တက်မလာပဲဘာလုပ်နေတာလဲ?"
612နဲ့အပီအပြင်ဆွေးနွေးခန်းဖွင့်နေတုန်း ဇာတ်လိုက်ရဲ့အသံကြီးကြားလိုက်ရတာမို့ လူက တုန်သွားရသည်
"ဟုတ်ကဲ့ လာပါပြီ ဦး"
ဇာတ်လိုက်နောက်အမှီလိုက်သွားတော့ အခန်းကျယ်ကြီးတစ်ခုထဲဝင်သွားသည်...
"ဒါက ကိုယ့်အခန်းပဲ အရင်ဆုံးရေချိုးလိုက် ရော့ ဒီအဝတ်အစားတွေဝတ်လိုက်!"
ဟူဒီပန်းရောင်ဆိုဒ်အကြီးကြီးတစ်ထည်နဲ့ ဒူးပေါ်ဘောင်းဘီအဖြူလေးကို ကမ်းပေးတော့ ရိုကျိုးစွာနဲ့ယူလိုက်ပြီး သူ့အိမ်ခန်းလောက်ကြီးတဲ့ ရေချိုးခန်းထဲကုပ်ချောင်းကုပ်ချောင်းဖြင့် ဝင်သွားလိုက်သည်...
'612 ငါ ဇာတ်လိုက်ရဲ့အပေါ်အပြုအမူတွေက ကောင်းရဲ့လား?'
[အရမ်းကောင်းပါတယ်host ဒီတိုင်းဆက်သွားပါ 'ဇာတ်လိုက်ရိုသေအသက်ရှည်'တဲ့ ဒီစကားက hostအတွက်ဆိုသွေးထွက်အောင်မှန်တယ်မလား]
'အင်းပါ ငါသိပါတယ်'
"အနာကိုရေမထိစေနဲ့ဦး!!"
အပြင်ကနေ တံခါးကိုထုပြီးသတိပေးတဲ့ဇာတ်လိုက်ကြောင့် ရေဇလားထဲကို ခြေတစ်ဖက်လှမ်းနေတဲ့ kyungsooတန့်သွားသည်..
ထို့နောက် ခြေထောက်ကိုမြှောက်ကာ ရေဇလားဘောင်အပေါ်သို့တင်ထားလိုက်ပြီး အေးဆေးစွာချိုးနေလိုက်တော့သည်