Unicode
"ပြန်လာပြီလား?"
အိမ်ထဲဝင်ဝင်ခြင်း ဆီးပြီးမေးခံလိုက်ရသောမေးခွန်တစ်ခု!
"ဟုတ်ကဲ့မမ"
"ဘာလို့နောက်ကျနေတာလဲ?"
"အာ.. ဒီနေ့ ကျွန်တော်သန့်ရှင်းရေးလုပ်ရတဲ့နေ့လေ အာ့ကြောင့်ပါ"
အဲ့လောက်သာဖြေလိုက်ပြီး ကိုယ့်အခန်းထဲသာဝင်လာလိုက်တော့သည်
'ဇာတ်လိုက်မက ကြာပန်းဖြူယောင်တောင်ဆက်မဆောင်ချင်တော့ဘူးထင်တယ် ပေါ်တင်ပဲ ငါ့ကို ငြိုငြင်ပြနေပြီ'[Hostတောင်ဘာမှသိပ်လုပ်စရာတောင်မလိုဘူး သူ့ဟာသူကွာကျတော့မယ်]
'အေးဟ ဒီကမ်ဘာရဲ့ဇာတ်လိုက်က အရိပ်ပြရင်အကောင်မြင်လို့တော်သေး'
ရေအေးအေးလေးချိုးလိုက်တာမို့ အတော်ကိုလန်းဆန်းသွားတယ်
ညအိပ်ဝတ်စုံအကွက်လေးဝတ်လိုက်ရင်းကုတင်ပေါ်တက်ကာ"Phone အသစ်လေးနဲ့ ဆယ္ဖီ!"
တင်ပြီးပြီးခြင်းပဲ real__pcy accမွ အရင်ဆုံး likeပေးလာပြီး comment ပါဝင်ရေးလာသည်..
"ကလေးသဘောကျရင် ကိုယ်ကျေနပ်ပါတယ်"
ဦးရဲ့ mentလေးကို အသည်းသာပေးလိုက်ပြီး လိုင်းoutလိုက်တော့သည်...
ဒီနေ့အဖြစ်ပျက်တွေကိုစဉ်းစားကြည့်လိုက်တော့ ဒီလိုမျိုးငိုတတ်တာ သူ့စတိုင်မှမဟုတ်ပဲ! ဒါပေမယ့်ဦးက ဒီလိုမျိုး ရင်ဘက်ကို ထုရိုက်ရင်းမျက်ရည်ကျလာတော့ ကိုယ်တိုင်တောင်မသိလိုက်ပါပဲ နင့်နင့်သည်းသည်းကို ငိုလိုက်မိတယ် ဘာတွေဖြစ်နေမှန်းလဲမသိတော့ပါဘူးလေ!တစ္ဖက္က မင်ဟီးကတော့ ~
ဒီနေ့bossက ရုံးအစောကြီးဆင်းသွာတာမို့ သူမလည်းစောဆင်းခဲ့ရသည်
ဒါမဲ့ဒီညနေရောက်တော့ ဟိုကောင်က bossရဲ့ကားထဲက ဆင်းလာတာကိုတွေ့လိုက်တော့ သူမဒေါသတွေကိုမထိန်းနိုင်တော့ပေ!
Bossက ဒီအကောင်ကို ဘာမွမလုပ္ဘူးလား? သူမကိုပြောတုန်းကတော့ တစ်ခုခုပေးစရာရှိတယ်လို့ပြောခဲ့တယ်လေ? အဲ့ဒါက ဒုက္ခပေးမို့မဟုတ်ဖူးလား??Igထဲဝင်ပြီး အဲ့ကောင်အကောင့်ကိုဝင်ကြည့်လိုက်တော့
ဖုန်းအသစ်နဲ့ရိုက်ထားတဲ့ပုံဆိုပြီး တင်ထားတာတွေ့လိုက်ရသည်
'ဟက် ဘယ်သူ့ဆီမှာ ကုန်းခံပြီးရထားတာလဲမှမသိတာ!'