|| 7 || Unicode

2.7K 342 2
                                    

ညကိုးနာရီလောက် ရောက်တော့ ရိပေါ်အိပ်ချင်လာသည်။ ပုံမှန်ဆို ဂိမ်းဆော့နေရင် ဒီအချိန် မအိပ်ချင်သေးပါ၊ ကျောင်းစာတွေက
ရိပေါ်အတွက်တော့ အိပ်ဆေးပါပဲ။
ခက်တာက လီယိုက မပြန်သေး ၊ သူ့ကြည့်ရတာ အိပ်ချင်တဲ့ပုံလည်းမပေါ် စာကိုအတင်းကုန်းတွက်နေသည်။

ခဏကြာတော့ ရှောင်းကျန့် က သူ့ကိုသတိထားမိသွားသည်ထင်သည်။

"ရိပေါ် အိပ်ချင်ရင် ပြန်တော့လေ"

"အင်း... လီယို မင်းကရော မပြန်သေးဘူးလား၊ မှောင်နေပြီနော်"

"လီယိုက မပြန်ဘူး ငါနဲ့အတူအိပ်မှာ"

"ဘာ.....ဘာပြောလိုက်တယ်"

"ဘာလို့ အဲ့လောက်အော်နေတာလဲ ကောပြောတာ မကြားလိုက်ဘူးလား ငါက ကောနဲ့ဒီညတူတူအိပ်မလို့လာတာ"

"ဟုတ်တယ် ရိပေါ်ရဲ့ လီယိုက အိမ်ကိုပြောခဲ့ပြီးသား ရိပေါ် ပြန်ချင်ပြန်လိုက်တော့လေ
အိပ်ချင်နေပြီမလား"

"မပြန်ဘူး..."

"မဟုတ်ဘူးလေ အိပ်ချင်နေရင် အိပ်လိုက်တာ အကောင်းဆုံးပဲ ၊ အိပ်ချင်နေတာကို စာအတင်းလုပ်နေလည်း ဦးနှောက်ထဲကို ဝင်မှာမဟုတ်....."

"မင်းက ငါ့ကိုနှင်နေတာလား ရှောင်းကျန့်"

"မဟုတ်ပါဘူး ငါက..."

"မပြန်ဘူး.....ဒီမှာအိပ်မှာ"

"ရိ... ရိပေါ်"

"ဒီမှာ အိပ်လို့မရဘူးလေ ကောကုတင်က သေးသေးလေး ဘယ်လိုဆံ့မှာလဲ"

"မဆံ့ရင် မင်းပြန်လိုက်လေ"

"ငါအရင်လာတာလေ မင်းပြန်ရမှာ"

"နေ... နေကြပါဦး ရိပေါ်
ရိပေါ်က ဟိုဘက်ကို ပြန်ရုံတင်လေ၊
လီယိုက လမ်းထိပ်ထိပြန်ရမှာ မှောင်နေပြီ"

"..."

"ပြန်လိုက်နော် ရိပေါ်"

"မပြန်ဘူး"

"ရိပေါ် ငါပြောနေတယ်လေ
အိပ်ချင်ရင် နောက်ညမှလာအိပ်"

"မရဘူး ခုအိပ်ချင်တာ"

"ရိပေါ်"

"မပြန်ဘူး"

ရှောင်းကျန့်က သက်ပြင်းခပ်လေးလေးတစ်ချက်ချသည်။

By Fair Means or Foul || Completed ||Where stories live. Discover now