|| Extra || Unicode

3.6K 262 10
                                    

ရှေ့က ဖက်နေကြတဲ့ နှစ်ယောက်သားကို ကြည့်ပြီး ရိပေါ်အကြည့်လွှဲမိသည်။ တကယ်ပါပဲ မပြီးနိုင် ၊မစီးနိုင်။

"ကျန်းမာရေး ဂရုစိုက်နော်"

"ဟုတ်"

"စာကြိုးစား"

"ဟုတ်"

ဖန်တရာထပ်အောင် ပြောဖူးသော ထိုစကားများကိုပင် ရှောင်းကျန့်က ထပ်မှာသည်။
လီယိုက ရှောင်းကျန့်ကို နှုတ်ဆက်ပြီးတာနှင့် ရိပေါ်ရှေ့ရောက်လာသည်။ ရှောင်းကျန့်နှင့်လိုတော့ ပွေ့ဖက်ပြီးမနှုတ်ဆက်ဖြစ်။ လက်ဆွဲကာ နှုတ်ဆက်လိုက်ကြသည်။

"ကောကို စိတ်ချမယ်နော် ရိပေါ်"

"အင်း...၊ ဂရုစိုက်"

သူ လီယို့ကို ရှောင်းကျန့်လိုတော့ အသေးစိတ်မမှာဖြစ်ပါ။ သူတို့ကြားထဲမှာ ဘယ်လိုကိစ္စတွေပဲ ရှိခဲ့ ၊ ရှိခဲ့ ၊ ငယ်စဥ်ကတည်းက အတူ နေကြ၊ထိုင်ကြ ၊မြင်ရ၊တွေ့ရဆိုတော့ သူ့အနေနဲ့ လီယို့အပေါ်ကို သံယောဇဥ်တော့ ရှိပါသည်။

တစ်ခဏကြာတော့ သူတို့ကို နှုတ်ဆက်ကာ ခရီးဆောင်အိတ်တွေနှင့်အတူ လီယို ဝင်သွားမှ ရှောင်းကျန့်နှင့်ရိပေါ်လည်း ပြန်ရန်ပြင်လိုက်သည်။ ရှုံ့မဲ့နေသောမျက်နှာနှင့် ရိပေါ်ကိုကြည့်ကာ ရှောင်းကျန့်က ရယ်သည်။
ထို့နောက် ရိပေါ် ပခုံးစွန်းကို သူ့ပခုံးနှင့် လှမ်းတိုက်လိုက်တော့ ပေစောင်းစောင်းနှင့် ကြည့်လာသည်။

"သဝန်တိုမနေနဲ့"

"ဘယ်သူက တိုလို့လဲ"

"ပြီးတာပဲ"

အပြောနှင့်အမူအရာ တခြားစီဖြစ်နေသော ရိပေါ်ကို ရှောင်းကျန့်က လမ်းလျှောက်ရင်း ပခုံးစွန်းချင်း လှမ်းလှမ်းတိုက်ကာ စသည်။
ပထမတော့ ရိပေါ်က ငြိမ်နေပေမယ့် အကြိမ်ရေများလာတော့ သူကလည်း ပြန်တိုက်ပစ်သည်။ တချို့ခရီးသည်တွေကတော့ သူတို့နှစ်ယောက်ကို ကွက်ကြည့်၊ကွက်ကြည့် လုပ်နေကြသည်။ တစ်စုံတစ်ယောက်ကလည်း မထွက်ခွာမှီ လည်ပြန်ငေးနေခဲ့ပါသေးသည်။

........................................................................

"သကြားလုံး နည်းနည်းများ ရနိုင်မလား"

By Fair Means or Foul || Completed ||Where stories live. Discover now