|| 29 || Unicode

2.8K 294 19
                                    

ရှောင်းကျန့်ပြောထားသည့်အတိုင်း ရိပေါ်နှင့်လီယိုက ထိုနေ့မတိုင်ခင်အထိ ရှောင်းကျန့်တို့အိမ်ဘက် ခြေဦးမလှည့်။ ထိုအချိန်တစ်ရက်အတွင်း ရှောင်းကျန့် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ကြည့်သည်။ သူ့အနေနှင့် နှစ်ယောက်လုံးအပေါ် သံယောဇဥ် ရှိသည်။ သေချာစဥ်းစားကြည့်လျှင် သာမန်ထက်ပိုသော ခံစားချက်မျိုး ဘယ်သူ့အပေါ်မှာထားရှိသည်ဆိုတာလည်း သူ့ကိုယ်သူ ကောင်းကောင်းသိသည်။

သို့ပေသိ အကြီးတစ်ယောက်အနေနှင့် ကျန်ခဲ့သောတစ်စုံတစ်ယောက်အပေါ် မတရားသလို ဖြစ်မှာစိုးသည်။ ဒါကြောင့် သုံးယောက်လုံး ဒီတိုင်းလေးပဲ ဆက်သွားကြဖို့ သူဆုံးဖြတ်ခဲ့ပေမယ့် ထိုဆုံးဖြတ်ချက်ဟာလည်း အဖြေမှန်မဟုတ်ခဲ့ပါတဲ့။ ယခု သူ တစ်စုံတစ်ယောက်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြန်တော့လည်း မှန်၏၊မမှန်၏ သူ့ကိုယ်သူမသိ။

ခေါင်းကို တဗျင်းဗျင်းကုတ်ကာ မားကိုလိုက်ရှာတော့ ဧည့်ခန်းထဲမှာ မရှိ။ ပါးတစ်ယောက်တည်း တီဗွီထိုင်ကြည့်နေသည်။
အိပ်ခန်းတံခါးကိုသွားခေါက်​တော့ မားရဲ့'ဝင်ခဲ့လေ'ဟူသောအသံကိုကြားရသည်။ မားက ကုတင်ပေါ်ထိုင်ကာ စာဖတ်နေသည်။ ရှောင်းကျန့်ဝင်လာတာကို မြင်တော့ ပြုံးပြသည်။

"ဘာတွေဖြစ်လာတာလဲ သား
ဆံပင်တွေလဲ ရှုပ်ပွလို့"

"မား"

မားရင်ခွင်ထဲတိုးဝင်ကာ ဖက်လိုက်တော့ မားကရယ်ကာ ခေါင်းကို ခပ်ဖွဖွပုတ်ပေးလာသည်။ သူဘယ်လောက်ပဲ တက္ကသိုလ်ကျောင်းသားကြီးဖြစ်နေပါပြီပဲဆိုဆို၊ ရင့်ကျက်ပါပြီပဲဆိုဆို ပြဿနာတစ်ခုခု၊ ရှုပ်ထွေးနေတာတစ်ခုခုရှိပြီဆိုလျှင် မားကိုအရင်ဆုံးပြေးရှာမိတာပါပဲ။

"ဘယ်လိုလုပ်ရမလဲ မား
သူတို့နှစ်ယောက်လုံးက သားကို..."

မားက ရှောင်းကျန့်ဆံပင်တွေကို လက်နှင့်သပ်ပေးကာ နားလည်စွာ ဖွဖွပြုံးသည်။

"သားပျော်မယ်ဆိုရင် သားစိတ်ထဲရှိတဲ့အတိုင်းလုပ်လိုက်ပါ၊ မားပြောပြစရာလိုသေးလို့လား"

"ဒါပေမယ့် သား သူ့အပေါ် မတရားသလို ဖြစ်မှာစိုးတယ်"

"သူသာ သားကို တကယ်ချစ်ရင် နားလည်ပေးပါလိမ့်မယ်၊ နှစ်ယောက်လုံးကို လက်ခံလို့မရဘူးလေ ဟုတ်တယ်မလား။ အားလုံးအဆင်ပြေဖို့အတွက် မားသားလေး ကြိတ်ခံစားနေရမှာမျိုး မားမကြည့်ရက်ဘူး။ သေချာတာ တစ်ခုကတော့ သားနောက်မှာ မားအမြဲရှိနေမယ်"

By Fair Means or Foul || Completed ||Where stories live. Discover now