Scroll down for Zawgyi.
Unicode
အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသားဇာတ်ရံတို့က နာမည်ကြီးတွေဖြစ်ရုံသာမက သူတို့ သရုပ်ဆောင်နေတဲ့အချိန်မှာလည်း ဆက်ဆံရေးကောင်းကြတာကြောင့် ဒါရိုက်တာဟော်ဟာ စာရေးဆရာနဲ့အတူ ဇာတ်ညွှန်းကို နေ့ချင်းညချင်း ပြန်ရေးတော့သည်။အစတုန်းက သူတို့ အမျိုးသမီးဇာတ်လိုက်ကို ပေးထားခဲ့တဲ့ များပြားလှတဲ့ဇာတ်၀င်ခန်းတွေဟာ အမျိုးသားဇာတ်ရံဆီကို ရောက်သွားတော့သည်။
ရလဒ်အနေနဲ့ကတော့ အမျိုးသမီးဇာတ်လိုက်ဟာ မရှိလည်းဖြစ်တယ် ဆိုပြီး ပရိသတ်တွေရဲ့ လျစ်လျူရှူခြင်းကို လွယ်လင့်တကူ ခံလိုက်ရတော့သည်။
အောက်တိုဘာ ဆယ့်နှစ်ရက် ည ခုနစ်နာရီ ဆယ်မိနစ်တွင် <The Young General> ရဲ့အပိုင်းတစ်ကို Small Fan website ပေါ်မှာ တင်လိုက်သည်။တစ်ချိန်တည်းမှာပဲ website တစ်ခွင်မှာ မင်းသားတွေရဲ့ရုပ်ရဘ်ကိုသာ အာရုံထားပြီး ဖုန်း screen ကို လျက်ကြမယ့် ပရိသတ်အမြောက်အများရဲ့မှတ်ချက်တွေကို ရရှိခဲ့သည်။
《 ဘုရားရေ !!! ပေါ်ယွီ အဖြူရောင်၀တ်စုံလေးကို ၀တ်ထားတာ အရမ်းချောတာပဲ ။ စစ်သူကြီးငယ်လေးက tsundere လိုပဲ ။ ငါလေး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘူး 》
{ T / N ; tsundere ဆိုတာက Japanese anime character ပါတဲ့ ဆိုလိုရင်းက လူတစ်ယောက်ဟာ အစပိုင်းမှာတော့ အေးစက်သလိုထင်ရပေမယ့် နောက်ကျ နွေးထွေးတတ်တဲ့သူမျိုး ကို ပြောချင်တာပါ }
《 ငါလေး နောက်အပိုင်းတွေမှာ မော့မော့ကို စောင့်နေတယ် ။ ဒါရိုက်တာက သူ့အတွက် partner ရှာပေးမထားဖို့ မျှော်လင့်တယ် မဟုတ်ရင် ငါလေး ဒါရိုက်တာကြီးဆီကို ဓါးတွေပို့ပစ်မယ်ကွ 》
《 ဘာလို့ ပေါ်ယွီနဲ့မော့အန်းယွီက ဒီလိုမျိုး web series မှာ သရုပ်ဆောင်ဖို့ ရွေးလိုက်ကြတာလဲ ? ဇာတ်လိုက်မင်းသားရဲ့အ၀တ်အစားကလွဲပြီး တခြားအ၀တ်အစားတွေအကုန်လုံးက သူများသုံးပြီးသားကြီးတွေ ၀တ်ထားသလား အောက်မေ့ရတယ် ။ ရိုက်ကူးရေးအဖွဲ့က အဲဒီလောက်တောင် ပိုက်ဆံမရှိဘဲ ဆင်းရဲနေကြတာလား 》
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...