Scroll down for Zawgyi.
Unicode
ချူဖန်းက ဘေးအနီးအနားတွင် ရပ်ရင်း ကြည်ပြာရောင်၀တ်စုံနှင့်ပေါ်ယွီအား ကြည့်နေသည်။ဓါတ်ပုံရိုက်ကူးရေး ပထမတစ်ဖြတ်အပြီး ခေတ္တနားချိန်ရောက်သော် ချူဖန်းက ---
" ဒီဝတ်စုံကြီး တကယ် ရုပ်ဆိုးတယ် မထင်ဘူးလား ??? "" ကျောက်မျက်ရတနာက အမျိုးသမီးတွေ ကြော်ငြာနေကျပေမယ့် ကျွန်တော်က စုန့်လုပ်ငန်းစုရဲ့ Spokesperson ဖြစ်နေတော့ လုပ်ငန်းစုနာမည်အောက်က ထုတ်ကုန်ကြော်ငြာမှန်သမျှ ကျွန်တော် တာ၀န်ယူရမယ်မလား "
ပေါ်ယွီက စိတ်ဓါတ်ကျနေသယောင်။
" ကြော်ငြာမော်ဒယ်တွေက အရင် အမျိုးသမီးတွေချည်း ပုံသေဖြစ်ခဲ့တာမို့လို့ အိုင်ဒီယာအသစ်တွေ ထွက်လာဖို့က သူတို့အတွက် အခက်သား "" ကျောက်မျက်ရတနာကြော်ငြာကို ယောကျ်ားလေး ရိုက်တာလည်း မဆိုးပါဘူး "
ချူဖန်းက ပေါ်ယွီ့ကို ကြံဖန်နှစ်သိမ့်သည်။
" မင်းယောက္ခမကြီးရဲ့လက်၀တ်ရတနာဖိုးအပေါ် ပိုက်ဆံချွေတာနိုင်သွားတာပေါ့ကွာ "" ကျွန်တော့်ယောက္ခမကြီးက ဒီလက်ဝတ်ရတနာလေးတွေလောက်ကို အရေးလုပ်နေမယ်များ အောက်မေ့သလား ??? "
ပေါ်ယွီ မေးဆတ်ပြလိုက်၏။သူ မေးထိုးပြရာဘက်၌ ဓါတ်ပုံရိုက်စဉ်က ကိုင်တွယ်ပြသခဲ့သော အမျိုးသမီး၀တ်ကျောက်မျက်ရတနာများ။ချူဖန်း အခုမှ စဉ်းစားမိသည်။ သူ ဘယ်လိုလုပ် မေ့သွားရတာပါလိမ့် ၊ စုန့်အိမ်တော်က လုပ်ငန်းစုကြီးတစ်ခုလုံးကို လက်၀ယ်ပိုင်ဆိုင်ထားတဲ့ဥစ္စာ ၊ စုန့်ရှီလင်အမေမှာ လက်၀တ်ရတနာတွေ ရှားပါးနေမတဲ့လား ???
နှစ်ယောက်သား ဘာစကားမျှ ဆက်မပြောတော့ဘဲ ခုံ၌ ပါးစပ်ကြီးပိတ် ၊ ထိုင်နေကြသည်။
စုန့်ရှီလင်က ကြော်ငြာရိုက်ကွင်းသို့ ၀င်လာကာ သူ့ကို အရိုအသေပေးနှုတ်ဆက်စရာမလိုဟု ရိုက်ကူးရေး၀န်ထမ်းများဆီ လက်ဟန်ပြ၍ ပေါ်ယွီ့ထံ တိတ်တဆိတ် လျှောက်သွားလိုက်သည်။
သူ ပေါ်ယွီ့ဘေး ၀င်ထိုင်ပြီး အနှီသူ၏ လက်တစ်ဖက်ကို ထွေးဆုပ်လိုက်သောအခါ ချွေးစို့စို့လက်ဖဝါးလေးအား ဖျစ်ညှစ်လိုက်၏။
" ဘာဖြစ်လို့လဲ ??? "
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...