Scroll down for Zawgyi.
Unicode
ပေါ်ယွီ ရေကန်ထဲက ထွက်လာတဲ့အချိန်မှာ သူ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့နှုတ်ခမ်းတွေကလည်း ခရမ်းပုတ်ရောင်ထကာ အေးခဲနေသည်။ပေါ်ယွီက ကန်ဘေးမှာ မတ်တပ်ရပ်လိုက်တာနဲ့ ၀န်ထမ်းတစ်ယောက်က သူ့အပေါ်ကို ပဝါခြောက်ခြောက်တစ်ထည် ခြုံပေးလာသည်။အချိန်အတော်ကြာတဲ့အခါမှ ပေါ်ယွီက သူ့ရဲ့တောင့်ခဲနေတဲ့ ခြေထောက်တွေကို မြှောက်ကာ နားနေခန်းဆီကို လျှောက်သွားတော့သည်။
သူ ချူး၀မ်၀မ်ဘေးကနေ ဖြတ်သွားတဲ့အချိန်မှာ ပေါ်ယွီ သူမကို တစ်ချက်စိုက်ကြည့်လိုက်သည်။
ချူး၀မ်၀မ်က ပေါ်ယွီရဲ့မျက်လုံးတွေကို ရှောင်တိမ်းလိုက်ပြီး သူမကို စဉ်းစဉ်းစားစားနဲ့ စေ့စေ့စပ်စပ် ကြိုးစားပမ်းစား ဂရုစိုက်ပေးတဲ့ လက်ထောက်လေးကို စိတ်မကြည်တဲ့မျက်နှာနဲ့ ကြည့်လိုက်သည်။သူမက အဲဒီလက်ထောက်လေးပေးတဲ့ လက်ဖက်ရည်ပူတွေကို မြေကြီးပေါ် လွှင့်ပစ်လိုက်ပြီး စိတ်ဆိုးဒေါသထွက်နေသည်။
ဒါရိုက်တာချွီက လေးနက်တဲ့ မျက်နှာအမူအရာနဲ့အတူ ရှေ့ကို လျှောက်လာသည်။ " ချူး၀မ်၀မ် , ဒီကိုလာခဲ့ပါဦး ။ ငါ မင်းကို ပြောစရာစကားရှိတယ် "
ချူး၀မ်၀မ်က ဒါရိုက်တာချွီရဲ့နောက်ကို အင်တင်တင်နဲ့ လိုက်သွားပြီး မပျော်ရွှင်တဲ့ မျက်နှာနဲ့အတူ ထွက်သွားလေသည်။
နားနေခန်းကို ပြန်ရောက်ပြီးတဲ့နောက် ပေါ်ယွီက သူ့ရဲ့အေးစက်စက်အကြည့်တွေကို ပြန်လည်ရုတ်သိမ်းပြီး သူ့ရဲ့အ၀တ်စိုတွေကို မြန်မြန် လဲပစ်လိုက်သည်။အဲဒီနောက် သူ ရေနွေးပူပူလေးကို ကိုင်ကာ ထိုင်ရင်း ဖုန်းကစားနေလိုက်သည်။
ရှောင်ကျန်းနဲ့ရှောင်လီက ပေါ်ယွီရဲ့လက်ထောက်တွေဖြစ်သည်။ဒါကြောင့် သူတို့ကလည်း ပေါ်ယွီ outdoor scene တွေ ရိုက်ကူးနေတဲ့အချိန်အတွင်း ဒီနေရာမှာ ရှိနေကြသည်။
ရှောင်ကျန်းက သူ့မျက်နှာပေါ်မှာ မခံမရပ်နိုင်ဒေါသထွက်နေခြင်းနဲ့အတူ ပြောလိုက်သည်။ " သူမက ပေါ်ကောကို အထင်သေးနေတာပဲ။ ပေါ်ကော , ကျွန်တော်တို့ ဒီလိုမျိုး အနိုင်ကျင့်ခံနေရလို့မရဘူး !!! "
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...