Scroll down for Zawgyi.
Unicode
စုန့်ရှီလင်နဲ့ သူ့အစ်ကိုကြီးတို့ဟာ video call ထဲကနေတစ်ဆင့် တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်စကားဆိုလိုက်ကြသည်။ထို့နောက် စုန့်ရှီလင်က laptop ကို ပိတ်ကာ အိပ်ခန်းထဲသွားရန် မတ်တပ်ထရပ်လိုက်သည်။
အိပ်ခန်းထဲ ရောက်,ရောက်ချင်း စုန့်ရှီလင်၏ မျက်နှာပေါ်က ဂရုမစိုက်သည့် ဟန်ပန်အမူအရာဟာ ချက်ချင်း လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။သူ အကူအညီမဲ့စွာနဲ့ ရှေ့ကို တိုးလျှောက်သွားလိုက်ပြီး ကြမ်းပြင်ပေါ်၌ တင်ပါးတွေကို အပေါ်ပင့်တင်မြှောက်လျက် လှဲလျောင်းနေတဲ့ အမျိုးသားလေးအား လက်နှင့်ပုတ်၍ ပြောလိုက်သည်။ " မင်း ဘယ်လိုလုပ် ထိမ်းမနိုင်သိမ်းမရဖြစ်နေတာလဲ ??? "
ပေါ်ယွီ မျက်နှာလေး နီမြန်းလာကာ ပြန်ဖြေလိုက်သည်။ " ငါ လေ့ကျင့်ခန်း လုပ်နေတာပါနော်။ ငါ ခန္ဓာကိုယ်လေ့ကျင့်ခန်း လုပ်နေတာ မမြင်ဘူးလား ??? မင်းရော ခန္ဓာကိုယ် တည်ဆောက်ဖို့ လေ့ကျင့်ခန်းမလုပ်လို့လား ??? မင်း တောသား "
စုန့်ရှီလင် ကိုယ်ဟန်အနေအထားပုံစံတွေကို အမျိုးမျိုး ပြောင်းပြနေတဲ့ အမျိုးသားငယ်လေးအား ကြည့်ရင်း မည်းမှောင်နေတဲ့ မျက်နှာနဲ့အတူ ဘေး၌ ၀င်ထိုင်လိုက်သည်။သူ့နှုတ်ခမ်းက စူပုတ်သွားပြီး ... " ဒါက ဇာတ်လမ်းရိုက်ရုံလေးပဲကို။ အရမ်းကြီး အလုပ်ကြိုးစားနေဖို့ မလိုဘူးလားလို့ "
" ငါက အခု ငယ်ရွယ်နုပျိုနေတုန်း အလုပ်,လုပ်ထားရမယ်။ ငါ ပုလဲတွေ အဝါရောင်ပြောင်းသလို ဒါမှမဟုတ် ရင့်ထော်နေတဲ့ အသားခြောက်ကြီးလို အိုမင်းလာတဲ့အချိန်ကျရင် ငါ့နေရာကို အဆုံးမရှိတဲ့ လတ်လတ်ဆတ်ဆတ် အသားတုံးလေးတွေက အစားထိုးသွားကြမှာ " ပေါ်ယွီ ကိုယ်လက်လှုပ်ရှားနေတာကို ရပ်တန့်ပစ်လိုက်၍ သူ့ကြွက်သားတွေအား အညောင်းအညာပြေ ဆွဲဆန့်ရန် ခုတင်ပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ " အဲဒါကြောင့် ငါ ကိုယ့်ကိုကိုယ် ဖြစ်နိုင်သမျှ မြန်မြန်လေး တိုးတက်အောင် လုပ်ရမယ်။ ငါ အဲဒီ sexy ကျလှပတဲ့ ကောင်စုတ်လေးတွေအတွက် ဘာအခွင့်အရေးမှ ချန်မထားခဲ့နိုင်ဘူး "
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...