Scroll down for Zawgyi.
Unicode
[ အား !!! အား !!! အား !!! ဖရဲသီးလေးက သူ့ပါးပါးကို တကယ် ဂရုစိုက်တာပဲ !!! ငါလေးကတော့ သူ့ပရိသတ်ဖြစ်သွားပြီကွ !!! ]
[ ဒီနှုန်းအတိုင်းဆိုရင် ဖရဲသီးလေးနဲ့ပေါ်ယွီတို့အကြောင်း CP Fiction တွေက Web စာပေလောကထဲမှာ မကြာခင် မှိုလိုပေါက်လာတော့လို့ ငါ ထင်တယ်။ ဘုရားရေ !!! ချစ်ဖို့ကောင်းရန်ကောဟဲ့ !!! ]
ရှိုးပထမပိုင်းကို ထုတ်လွှင့်အပြီး၌ ကြည့်ရှူသူအပေါင်းဟာ ပေါ်ယွီအား သကြားလုံးခွံ့ကျွေးလိုက်တဲ့ ဖရဲသီးလေးကို မြင်တွေ့ကြပြီးတာနဲ့ ချက်ချင်းဆိုသလို ဖရဲသီးလေးရဲ့ပရိသတ်များ တန်းဖြစ်သွားကြသည်။
ဒါ့ပြင် ရက်သတ်တစ်ပတ်ခန့် အချိန်ကြာသော် ပေါ်ယွီရဲ့ပရိသတ်တွေကလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာကြသည်။<ချစ်စရာ့ ကလေးငယ်> ၏ တရား၀င် Weibo Website တွင် ပြင်းထန်သော မကောင်းမြင် မှတ်ချက် comment ဆိုးများ ပေးကြသည့် အင်တာနက်အသုံးပြုသူဟူ၍ အနည်းအကျဉ်းလောက်ကျန်ရှိတော့သည်။comment အများစုက သမားရိုးကျပရိသတ်တွေ ပေါ်ယွီအတွက် တင်ချန်ထားခဲ့ကြတဲ့ စိတ်ရင်းဖြင့် ကောင်းချီးပေးထားသော ဆုတောင်းစာများသာဖြစ်သည်။
အစတုန်းက Hater တွေဟာ ပေါ်ယွီရဲ့အသက်မွေး၀မ်းကျောင်းအလုပ်အကိုင်ကို လုံး၀ ဖျက်ဆီးပစ်ရန် ဒီအခွင့်အရေးကို ဖမ်းဆုပ်ချင်ခဲ့ကြသည်။သို့ရာ ၎င်းတို့ ဘာမှမလှုပ်ရှားရသေးခင်မှာပဲ သူတို့တွေက စုန့်ရှီလင် ငွေကြေးမြောက်မြားစွာ အကုန်အကျခံ သုံးစွဲဝယ်ယူထားတဲ့ offical fan များ၏ brainwash ပြုလုပ်ခြင်းကို ခံလိုက်ကြရသည်။
offical fan များ၏ အားထုတ်မှုသည် Hater တွေကို ပါးစပ်ပိတ်သွားစေနိုင်ရုံမျှမက ဇွတ်တရွတ်ပရိသတ်တွေ၏ ချစ်ခြင်းမေတ္တာတွေကိုပါ ပြန်လည်အရချူယူနိုင်စေခဲ့သည်။
ဒါကြောင့် မကြာမီအချိန်၌ပင် ပေါ်ယွီရဲ့သမားရိုးကျပရိသတ်တွေက မျက်ရည်လည်ရွှဲဖြင့် ပေါ်ယွီဆီ ပြန်ရောက်လာကြကာ <ချစ်စရာ့ ကလေးငယ်> တရား၀င် Website မှ အသစ်တင်ပေးမည့် ရှိုးပထမပိုင်းကို ကြည့်ရှူအားပေးရန် မျှော်လင့်စောင့်စားနေခဲ့ကြသည်။ထို့နောက် သူတို့တွေ ရှာဖွေတွေ့ရှိလိုက်ကြတာတာက လူထုရှေ့မှောက်ရှိ ပေါ်အကြီးနှင့် ပေါ်အသေးလေးတို့ဟာ အရမ်းအရမ်း မတရားတွေကို ချစ်မြတ်နိုးစရာကောင်းနေတယ်ဆိုတာပင်။
YOU ARE READING
လမ်းခွဲပြီးပြီ၊မနှောင့်ယှက်နဲ့တော့(မြန်မာဘာသာပြန်)
RomanceOriginal Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190 Chapters + 10 Extras ဖန်းရှိုလျယ် ၊ ပျယ်နောင့် (မြန်မာပြန်) THIS IS A PURE FAN TRANSLATION. I got p...