All are Kids

3 1 0
                                    

(Unicode)

ဒါလေးကတော့ကျွန်တော့်အမြင်သက်သက်လို့ပဲပြောရမလားပဲ။အစတုန်းကတော့လူတွေအကြောင်းသိပ်စိတ်မဝင်စားတော့သတိမထားမိဘူး။နောက်ပိုင်းအဆောင်နေတော့မှလေ့လာမိတယ်ပေါ့။မသိစိတ်ကနေလေ့လာနေမိတယ်ဆိုပါတော့။

အခုအိမ်မှာနေတော့ဝတ္ထုအဖတ်များတယ်ဆိုတော့ဝတ္ထုတွေကနေလေ့လာသလိုအိမ်ကလူတွေကနေလည်းလေ့လာဖြစ်တယ်။တကယ့်လူ့သဘာဝအဖွဲ့တော်တဲ့စာရေးဆရာကရေးထားတဲ့စာတွေကဆိုရင်လူ့စိတ်အကြောင်းပိုပြီးပေါ်ပါတယ်။သာမန်ဝတ္ထုရေးဆရာဆိုရင်တောင်သူတို့ရဲ့ဇာတ်ဆောင်စရိုက်ကနေလေ့လာလို့ရတယ်ပေါ့။လူ့စိတ်အကြောင်းစိတ်ဝင်စားတဲ့သူဆိုရင်လေ့လာကြည့်ပါ။

ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာကဒါမဟုတ်ဘူး။ကျွန်တော်လေ့လာရင်းသတိထားမိတာတစ်ခုလို့ပဲပြောရမလား။မလေ့လာခင်ကတည်းကသိနေတာလို့ပဲပြောရမလား။ဘယ်လိုပဲပြောပြောပါ။အဓိကကတော့လူတိုင်းကကလေးဆန်တယ်ဆိုတဲ့အချက်ပါ။အဲ့တာကတကယ်လုံးဝကြီးရင့်ကျက်ပါတယ်ဆိုတဲ့လူတွေမှာတောင်ရှိပါတယ်။ပြတာမပြတာပဲကွာတာပေါ့။

လူတိုင်းကကလေးဆန်တယ်ဆိုတိုင်းလည်းထုတ်မပြတတ်ကြတာများပါတယ်။ဒါကြီးကထုတ်ပြလို့မှမကောင်းတာလေဟုတ်တယ်မလား။အများစုကသူတို့အုပ်ထိန်းသူတွေရှေ့မှာပြကြပါတယ်။ရည်စားဘာညာရှိတဲ့သူတွေက‌တော့ရည်းစားပေါ့။ကျွန်တော့်ကတော့ကိုယ်ကလေးဆန်တဲ့အချက်ကိုကျွန်တော်အဆောင်‌နေတုန်းကအစ်မတစ်ယောက်လိုဖြစ်နေတဲ့ဆရာမဆီမှာထုတ်ပြဖြစ်တယ်။

ပြောရရင်တစ်ခါတစ်လေသတိမထားမိပဲပြမိတာမျိုးတွေရှိပါတယ်။အဲ့တာကတော့ပေါ်ပေါ်ထင်ထင်ပြမိတာမျိုးရှိသလိုမသိမသာပြမိတာမျိုးလည်းရှိတယ်။ကျွန်တော့်အဖေ၊အမေတောင်မှသားသမီးရှေ့တွင်ပဲပေါ်လာတတ်တာ။အငယ်လေးကကလေးရှိသေးတော့မသိပါဘူး။ပေါ်ပေါ်ထင်ထင်ပြမိရင်တောင်သတိမထားမိတဲ့သူကသတိကိုမထားမိတာပါ။ကိုယ့်ကိုအရမ်းဂရုစိုက်တဲ့သူကတော့တော်တော်လေးမသိသာဘူးဆိုရင်တောင်သတိထားမိပါတယ်။သူတို့ကအဲ့အချက်လေးတွေကိုလည်းတန်ဖိုးထားကြပါတယ်။သူတို့ကိုပြလို့ပျော်တောင်ပျော်မှာပါ။ကိုယ့်ကိုအပြစ်ရှာနေတဲ့သူဆိုရင်လည်းသတိထားမိပါတယ်နော်။သူတို့ကBlameချင်တာကိုး။

အဲ့တာကြောင့်ကိုယ့်ကိုအရမ်းဂရုစိုက်တဲ့သူရှိတယ်ဆိုရင်သူ့ကိုလက်လွှတ်မခံပါနဲ့။မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆွဲထားပါ။သူတို့ကိုလည်းပြန်ဂရုစိုက်ပေးပေါ့။



(Zawgyi)

ဒါေလးကေတာ့ကၽြန္ေတာ့္အျမင္သက္သက္လို႔ပဲေျပာရမလားပဲ။အစတုန္းကေတာ့လူေတြအေၾကာင္းသိပ္စိတ္မဝင္စားေတာ့သတိမထားမိဘူး။ေနာက္ပိုင္းအေဆာင္ေနေတာ့မွေလ့လာမိတယ္ေပါ့။မသိစိတ္ကေနေလ့လာေနမိတယ္ဆိုပါေတာ့။

အခုအိမ္မွာေနေတာ့ဝတၳဳအဖတ္မ်ားတယ္ဆိုေတာ့ဝတၳဳေတြကေနေလ့လာသလိုအိမ္ကလူေတြကေနလည္းေလ့လာျဖစ္တယ္။တကယ့္လူ႔သဘာဝအဖြဲ႕ေတာ္တဲ့စာေရးဆရာကေရးထားတဲ့စာေတြကဆိုရင္လူ႔စိတ္အေၾကာင္းပိုၿပီးေပၚပါတယ္။သာမန္ဝတၳဳေရးဆရာဆိုရင္ေတာင္သူတို႔ရဲ့ဇာတ္ေဆာင္စရိုက္ကေနေလ့လာလို႔ရတယ္ေပါ့။လူ႔စိတ္အေၾကာင္းစိတ္ဝင္စားတဲ့သူဆိုရင္ေလ့လာၾကည့္ပါ။

ဒါေပမဲ့ကၽြန္ေတာ္အဓိကေျပာခ်င္တာကဒါမဟုတ္ဘူး။ကၽြန္ေတာ္ေလ့လာရင္းသတိထားမိတာတစ္ခုလို႔ပဲေျပာရမလား။မေလ့လာခင္ကတည္းကသိေနတာလို႔ပဲေျပာရမလား။ဘယ္လိုပဲေျပာေျပာပါ။အဓိကကေတာ့လူတိုင္းကကေလးဆန္တယ္ဆိုတဲ့အခ်က္ပါ။အဲ့တာကတကယ္လုံးဝႀကီးရင့္က်က္ပါတယ္ဆိုတဲ့လူေတြမွာေတာင္ရွိပါတယ္။ျပတာမျပတာပဲကြာတာေပါ့။

လူတိုင္းကကေလးဆန္တယ္ဆိုတိုင္းလည္းထုတ္မျပတတ္ၾကတာမ်ားပါတယ္။ဒါႀကီးကထုတ္ျပလို႔မွမေကာင္းတာေလဟုတ္တယ္မလား။အမ်ားစုကသူတို႔အုပ္ထိန္းသူေတြေရွ႕မွာျပၾကပါတယ္။ရည္စားဘာညာရွိတဲ့သူေတြက‌ေတာ့ရည္းစားေပါ့။ကၽြန္ေတာ့္ကေတာ့ကိုယ္ကေလးဆန္တဲ့အခ်က္ကိုကၽြန္ေတာ္အေဆာင္‌ေနတုန္းကအစ္မတစ္ေယာက္လိုျဖစ္ေနတဲ့ဆရာမဆီမွာထုတ္ျပျဖစ္တယ္။

ေျပာရရင္တစ္ခါတစ္ေလသတိမထားမိပဲျပမိတာမ်ိဳးေတြရွိပါတယ္။အဲ့တာကေတာ့ေပၚေပၚထင္ထင္ျပမိတာမ်ိဳးရွိသလိုမသိမသာျပမိတာမ်ိဳးလည္းရွိတယ္။ကၽြန္ေတာ့္အေဖ၊အေမေတာင္မွသားသမီးေရွ႕တြင္ပဲေပၚလာတတ္တာ။အငယ္ေလးကကေလးရွိေသးေတာ့မသိပါဘူး။ေပၚေပၚထင္ထင္ျပမိရင္ေတာင္သတိမထားမိတဲ့သူကသတိကိုမထားမိတာပါ။ကိုယ့္ကိုအရမ္းဂ႐ုစိုက္တဲ့သူကေတာ့ေတာ္ေတာ္ေလးမသိသာဘူးဆိုရင္ေတာင္သတိထားမိပါတယ္။သူတို႔ကအဲ့အခ်က္ေလးေတြကိုလည္းတန္ဖိုးထားၾကပါတယ္။သူတို႔ကိုျပလို႔ေပ်ာ္ေတာင္ေပ်ာ္မွာပါ။ကိုယ့္ကိုအျပစ္ရွာေနတဲ့သူဆိုရင္လည္းသတိထားမိပါတယ္ေနာ္။သူတို႔ကBlameခ်င္တာကိုး။

အဲ့တာေၾကာင့္ကိုယ့္ကိုအရမ္းဂ႐ုစိုက္တဲ့သူရွိတယ္ဆိုရင္သူ႔ကိုလက္လႊတ္မခံပါနဲ႔။မျဖစ္ျဖစ္တဲ့နည္းနဲ႔ဖမ္းဆြဲထားပါ။သူတို႔ကိုလည္းျပန္ဂ႐ုစိုက္ေပးေပါ့။

ကျွန်တော့်အတွေးအမြင်စာစုများ(ကြၽန္ေတာ့္အေတြးအျမင္စာစုမ်ား)Where stories live. Discover now