Writing for me

4 1 2
                                    

(Unicode)

ဒါလေးကတော့Writing tipsမဟုတ်ပါဘူး။ကျွန်တော်ကသာမန်စာရေးသူပေါ့။‌စာရေးဆရာလို့တောင်ခေါ်မရသေးတဲ့စာရေးသူတစ်ယောက်ပါ။
ဒီအတိုင်းစာလေးတွေလျှောက်ရေးမယ်။ficအတိုလေးတွေရေးရင်ရေးမယ်ပေါ့။

ကျွန်တော်ဆိုတဲ့သူကမလုပ်ချင်လည်းဘယ်လောက်ပြောပြောမလုပ်တတ်သလိုလုပ်ချင်ရင်လည်းဘာမှကိုဂရုမစိုက်တတ်တဲ့လူမျိုးထဲမှာပါပါတယ်။အစွန်းတော့ရောက်တယ်ရယ်။သိပ်တော့မကောင်းဘူးပေါ့။

ကျွန်တော်ကစကားကိုအရမ်းအပြောတတ်တဲ့ထဲမပါဘူး။ဒါပေမဲ့စာရေးလိုက်ရင်ကိုယ်‌ပြောချင်တာတွေ
ပိုပြီးထွက်လာတတ်တဲ့ထဲ‌တော့ပါပါတယ်။

ကျွန်တော့်အတွက်စာရေးခြင်းဆိုတောမြတ်နိုးရာလေးပေါ့။ကိုယ့်ကိုယ်ပိုင်ကမ္ဘာထဲရောက်သွားသလိုပါပဲ။
ကိုယ့်ဇာတ်ကောင်နဲ့ဖြစ်ဖြစ်၊fun ficရေးတဲ့အခါ
အဲ့ထဲကဇာတ်ကောင်နဲ့ဖြစ်ဖြစ်စကားပြောနေရတာသဘောကျတယ်။

ကျွန်တော်စာရေးဖြစ်တဲ့အကြောင်းအရင်းကအကြင်နာမွန်ရဲ့ Dear Wattpad Authors, ArrShengရဲ့ Writing tips by ArrSheng,
လိပ်ပြာဖြူရဲ့ All About Writing ဆို‌တဲ့စာတွေဖတ်ဖြစ်ပြီးတော့‌အားတက်ပြီးရေးချင်သွားခဲ့တာပါ။
စာရေးချင်တဲ့သူတွေသွားဖတ်ကြည့်လို့ရပါတယ်
ကျွန်တော့်RLထဲက Knowledgeထဲမှာသွားရှာကြည့်ပါ။

ကျွန်တော်စာရေးတဲ့အခါမှာNormal, BL, GL
တွေ‌ရွေးနေမိမှာမဟုတ်ပါဘူး။ကျွန်တော်တစ်နေရာမှာတစ်ခုခုဖြစ်အပျက်လေးတွေကနေဇာတ်လမ်းအကြောင်းအရာရလာတယ်။ပြီးတော့အိပ်ခါနီးအတွေးတွေကနေပေါ့။တစ်ခါတစ်လေမမှတ်မိတာမျိုးတွေရှိပေမဲ့တစ်ချို့ဟာတွေကိုတော့စိတ်ထဲမှာမမေ့သွားတတ်ပါဘူး။မမေ့သွားတဲ့ဟာမျိုးလေးတွေကိုမှnoteလေးတွေမှတ်ထားပြီးရေးမယ်လို့စီစဉ်တာပါ။

အခုလက်ရှိမှာတော့အတွေးတွေပေါ်နေပေမဲ့တစ်ပုဒ်ပဲရေးရပါသေးတယ်။ပြောမယ့်သာပြောတာစာရေးတာနဲ့ပတ်သတ်ပြီးအရမ်းယုံကြည်ချက်မရှိသေးဘူးပေါ့။ဒါပေမဲ့‌ကျွန်တော့်စာတွေကိုဘယ်သူမှမဖတ်ဘူးဆိုရင်တောင်စိတ်ကူးရရင်ရသလိုဒီထဲမှာရေးနေဦးမှာဖြစ်သလိုficလေးတွေလည်းရေးဖြစ်မှာပါ။စာဖတ်တဲ့သူရှိ‌ရင်တော့အရမ်းကိုပျော်မိတာပါ။

ဘာပဲဖြစ်ဖြစ်ကျွန်တော့်အတွက်က‌တော့စာရေးခြင်းဆိုတာစိတ်ထွက်ပေါက်တစ်မျိုးပါပဲ။ကျွန်တော့်ရဲ့သီးသန့်ကမ္ဘာလေးတစ်ခုဆိုလည်းမမှားပါဘူး။

(Zawgyi)

ဒါေလးကေတာ့Writing tipsမဟုတ္ပါဘူး။ကြၽန္ေတာ္ကသာမန္စာေရးသူေပါ့။‌စာေရးဆရာလို႔ေတာင္ေခၚမရေသးတဲ့စာေရးသူတစ္ေယာက္ပါ။
ဒီအတိုင္းစာေလးေတြေလွ်ာက္ေရးမယ္။ficအတိုေလးေတြေရးရင္ေရးမယ္ေပါ့။

ကြၽန္ေတာ္ဆိုတဲ့သူကမလုပ္ခ်င္လည္းဘယ္ေလာက္ေျပာေျပာမလုပ္တတ္သလိုလုပ္ခ်င္ရင္လည္းဘာမွကိုဂ႐ုမစိုက္တတ္တဲ့လူမ်ိဳးထဲမွာပါပါတယ္။အစြန္းေတာ့ေရာက္တယ္ရယ္။သိပ္ေတာ့မေကာင္းဘူးေပါ့။

ကြၽန္ေတာ္ကစကားကိုအရမ္းအေျပာတတ္တဲ့ထဲမပါဘူး။ဒါေပမဲ့စာေရးလိုက္ရင္ကိုယ္‌ေျပာခ်င္တာေတြ
ပိုၿပီးထြက္လာတတ္တဲ့ထဲ‌ေတာ့ပါပါတယ္။

ကြၽန္ေတာ့္အတြက္စာေရးျခင္းဆိုေတာျမတ္ႏိုးရာေလးေပါ့။ကိုယ့္ကိုယ္ပိုင္ကမာၻထဲေရာက္သြားသလိုပါပဲ။
ကိုယ့္ဇာတ္ေကာင္နဲ႔ျဖစ္ျဖစ္၊fun ficေရးတဲ့အခါ
အဲ့ထဲကဇာတ္ေကာင္နဲ႔ျဖစ္ျဖစ္စကားေျပာေနရတာသေဘာက်တယ္။

ကြၽန္ေတာ္စာေရးျဖစ္တဲ့အေၾကာင္းအရင္းကအၾကင္နာမြန္ရဲ႕ Dear Wattpad Authors, ArrShengရဲ႕ Writing tips by ArrSheng,
လိပ္ျပာျဖဴရဲ႕ All About Writing ဆို‌တဲ့စာေတြဖတ္ျဖစ္ၿပီးေတာ့‌အားတက္ၿပီးေရးခ်င္သြားခဲ့တာပါ။
စာေရးခ်င္တဲ့သူေတြသြားဖတ္ၾကည့္လို႔ရပါတယ္
ကြၽန္ေတာ့္RLထဲက Knowledgeထဲမွာသြားရွာၾကည့္ပါ။

ကြၽန္ေတာ္စာေရးတဲ့အခါမွာNormal, BL, GL
ေတြ‌ေ႐ြးေနမိမွာမဟုတ္ပါဘူး။ကြၽန္ေတာ္တစ္ေနရာမွာတစ္ခုခုျဖစ္အပ်က္ေလးေတြကေနဇာတ္လမ္းအေၾကာင္းအရာရလာတယ္။ၿပီးေတာ့အိပ္ခါနီးအေတြးေတြကေနေပါ့။တစ္ခါတစ္ေလမမွတ္မိတာမ်ိဳးေတြရွိေပမဲ့တစ္ခ်ိဳ႕ဟာေတြကိုေတာ့စိတ္ထဲမွာမေမ့သြားတတ္ပါဘူး။မေမ့သြားတဲ့ဟာမ်ိဳးေလးေတြကိုမွnoteေလးေတြမွတ္ထားၿပီးေရးမယ္လို႔စီစဥ္တာပါ။

အခုလက္ရွိမွာေတာ့အေတြးေတြေပၚေနေပမဲ့တစ္ပုဒ္ပဲေရးရပါေသးတယ္။ေျပာမယ့္သာေျပာတာစာေရးတာနဲ႔ပတ္သတ္ၿပီးအရမ္းယုံၾကည္ခ်က္မရွိေသးဘူးေပါ့။ဒါေပမဲ့‌ကြၽန္ေတာ့္စာေတြကိုဘယ္သူမွမဖတ္ဘူးဆိုရင္ေတာင္စိတ္ကူးရရင္ရသလိုဒီထဲမွာေရးေနဦးမွာျဖစ္သလိုficေလးေတြလည္းေရးျဖစ္မွာပါ။စာဖတ္တဲ့သူရွိ‌ရင္ေတာ့အရမ္းကိုေပ်ာ္မိတာပါ။

ဘာပဲျဖစ္ျဖစ္ကြၽန္ေတာ့္အတြက္က‌ေတာ့စာေရးျခင္းဆိုတာစိတ္ထြက္ေပါက္တစ္မ်ိဳးပါပဲ။ကြၽန္ေတာ့္ရဲ႕သီးသန႔္ကမာၻေလးတစ္ခုဆိုလည္းမမွားပါဘူး။

ကျွန်တော့်အတွေးအမြင်စာစုများ(ကြၽန္ေတာ့္အေတြးအျမင္စာစုမ်ား)Where stories live. Discover now