Studying abroad

3 1 0
                                    

(Unicode)

အခုတစ်လောအများစုကကျွန်တော့်ကိုနိုင်ငံခြားထွက်မလားလို့ကျွန်တော့်အမေ၊အဖေကိုမေးကြတယ်။သူတို့မေးတာလည်းသိပ်တော့မဆန်းပါဘူး။သူတို့အမြင်မှာကျွန်တော်မိဘတွေကပို့နိုင်တယ်လို့ထင်နေတာလည်းဖြစ်နိုင်သလိုကျွန်တော်ကလည်းသွားချင်တယ်လို့ထင်နေကြတာလဲဖြစ်နိုင်တယ်။ဒါမှမဟုတ်လည်းပါးစပ်ထဲရှိတာတွေပြောတာလည်းဖြစ်နိုင်တာပေါ့။

ကျွန်တော်ကတော့မသွားချင်ဘူး။Language difficultyကြောင့်ရောကျွန်တော့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့်ရောပါလို့ပြောရင်ပိုမှန်မယ်။ငယ်ငယ်ကတော့Dream countryရှိခဲ့ပေမဲ့အခုအချိန်မှာအဲ့နိုင်ငံတွေကိုအလည်သွားချင်တာပဲရှိတော့တယ်။ကျွန်တော်အဆောင်နေလိုက်တော့အိမ်နဲ့ပါထပ်မခွဲချင်လို့လည်းပါတာပေါ့။

အဆောင်မှာနေတာကကျွန်တော်သဘောမပါခဲ့ပေမဲ့အခုအချိန်ပြန်တွေးကြည့်လိုက်တော့အမှန်ဆုံးလုပ်ခဲ့တာလို့တော့တွေးမိတယ်ရယ်။အခုနိုင်ငံခြားကိုသွားလို့အမှန်ဆုံးဖြစ်မယ်ဆိုရင်တောင်မသွားတော့ပါဘူး။ကိုယ့်မြေကိုယ်ရေမှာပဲနေချင်ပါတယ်။

ကျွန်တော်Scholarနဲ့နိုင်ငံခြားထွက်မယ်လို့စဥ◌်းစားတဲ့သူတွေကိုရောပြီးတော့ကိုယ့်ပိုက်ဆံနဲ့ကိုထွက်မယ်လို့စဥ◌်းစားထားတဲ့သူတွေကိုရောတွေးကြည့်စေချင်တာရှိတယ်။အထူးသဖြင့်အသက်(၂၀)မပြည့်သေးတဲ့သူတွေကိုပါ။ကိုယ်တကယ်ရောအဲ့မှာနေနိုင်ပါ့မလား၊ပြီးတော့နေဖို့သင့်တင့်တဲ့ရင့်ကျက်မှုရောရှိပြီလား၊အဆုံးထိစာဆက်သင်နိုင်ပါ့မလား၊ဆိုတာကိုပါ။သွားမယ့်သူတွေကတော့သွားပါ။ကျွန်တော်ကတော့သွားလို့Blameမယ့်ထဲမပါပါဘူး။

ကျွန်တော်ဒီအကြောင်းကိုကျွန်တော့်ဆရာမတစ်ယောက်နဲ့ဆွေးနွေးဖြစ်တဲ့အချိန်တုန်းကသူက"ဒီအခြေအနေကလှုပ်လေမြုပ်လေ"တဲ့။သူကကိုယ့်ပိုက်ဆံနဲ့ကိုယ်ကျောင်းသွားတက်မဲ့သူတွေကိုပြောချင်တာပါ။ကျိကျိတက်ချမ်းသာတဲ့သူတွေကိုပြောတာမဟုတ်ဘူး။အလယ်အလတ်တန်းစားတွေကိုတော့အဓိကပေါ့။သဘောကကိုယ်တက်လို့ကုန်သွားတဲ့ပိုက်ဆံတွေပြန်ရနိုင်ဖို့မသေချာလို့ပါ။ဈေးအချိုဆုံးထိုင်းတောင်တစ်နှစ် သိန်းနှစ်ရာကုန်ပြီးတော့အဲ့တာကိုမှငါးနှစ်စာလောက်အချိန်ပေးရမှာမို့သူကအဲ့လိုပြောတာပါ။

ကျွန်တော့်အတွေးအမြင်စာစုများ(ကြၽန္ေတာ့္အေတြးအျမင္စာစုမ်ား)Where stories live. Discover now